
တိုကျို ဧပြီ ၁၆
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများအတွင်း လုံခြုံရေးဆိုင်ရာ စီမံမှုများနှင့် ပတ်သက်ပြီး ဆွေးနွေးမှုပြုလုပ်ရန် ဂျပန်အကြမ်းဖက် တိုက်ဖျက်ရေးကျွမ်းကျင်သူတစ်ဦးက တောင်းဆိုလိုက်သည်။ လက်ရှိ အစိုးရဝန်ကြီးချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်မှုသည် အလွန်စိုးရိမ် စရာကောင်းသော ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ၎င်းက ပြောသည်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါသည် ဧပြီ ၁၅ ရက်တွင် ဂျပန်နိုင်ငံ အနောက်ပိုင်း ဝါကာယာမာမြို့သို့ ခရီးစဉ်အတွင်း မီးခိုးဗုံးဟု ယူဆရ သည့် အရာဝတ္ထုတစ်ခု ၎င်းအနီးနားသို့ ပစ်ပေါက်ခံရပြီး သံသယရှိသူ တစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးနောက် လူထုရေးရာမူဝါဒ ကောင်စီ၏ သုတေသနဌာနအကြီးအကဲ အိတာဘာချိအိဆာအိုက အင်န်အိတ်ချ်ကေသို့ ပြောကြားခြင်း ဖြစ်သည်။ ရုပ်သံဖိုင်ထဲမှ ဖောက်ခွဲ ရေးပစ္စည်းကိရိယာသည် ဆလင်ဒါပုံသဏ္ဌာန်ရှိပြီး မီးခိုးလုံးများ ထွက် လာသောကြောင့် သံမဏိပိုက်ဗုံးတစ်လုံးဖြစ်နိုင်ကြောင်း အိဆာအိုက ပြောသည်။ အခင်းဖြစ်ပွားရာနေရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပစ်ပေါက်လိုက်သော အရာဝတ္ထုတစ်ခုကို လျင်မြန်စွာ တုံ့ပြန်ဆောင် ရွက်နိုင်ခဲ့ပြီး ဝန်ကြီးချုပ်ကိုလည်း ဘေးလွတ်ရာသို့ အန္တရာယ်ကင်းစွာ ပို့ဆောင်နိုင်ခဲ့ကြောင်း အိတာဘာချိအိဆာအိုက ပြောသည်။
ထို့အပြင် ၎င်းက အရာဝတ္ထုမပေါက်ကွဲခင် အချိန်ရှိခဲ့သည့်အတွက် ကံကောင်းခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သော်လည်း ဖောက်ခွဲရေး ပစ္စည်းသည် ဝန်ကြီးချုပ်နှင့် နီးကပ်မှုရှိသည့်အတွက် အနာဂတ်လုံခြုံ ရေး စီမံကိန်းနှင့်ပတ်သက်ပြီး စိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေကြောင်း ပြောသည်။ အဆိုပါ ဖြစ်ရပ်သည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှု ဖြစ်ပွားခဲ့သည်။
အင်န်အိတ်ချ်ကေ