နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနား ကျင်းပ

 

နေပြည်တော်   ဧပြီ   ၁၆


မြန်မာသက္ကရာဇ်   ၁၃၈၄   ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု     မဟာသင်္ကြန်ပွဲတော်    နေပြည်တော်    မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင်  နေပြည်တော်ရှိ   အဆိုပါရေကစား မဏ္ဍပ်၌ ကျင်းပသည်။

 


ပိတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်  ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံကျော် အနုပညာ ရှင်များ၊ တေးသံရှင်များ၊ သင်္ကြန်ယိမ်းအဖွဲ့ များနှင့်      ဖိတ်ကြားထားသည့်    ဧည့်သည်တော်များ    တက် ရောက်ကြသည်။

 


အခမ်းအနားတွင်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ     နေပြည်တော်မြို့တော်ဝန်    ဦးတင်ဦးလွင်       က    နှစ်သစ်ကူး    နှုတ်ခွန်းဆက်     ဆုတောင်းစကား  ပြောကြားပြီး နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန် မဏ္ဍပ် ပိတ်သိမ်းကြောင်း ကြေညာသည်။

 


ထို့နောက် သင်္ကြန်ယိမ်းအဖွဲ့ များက   မြနန္ဒာတေး သီချင်းဖြင့်  စုပေါင်းကပြ ဖျော်ဖြေကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး    ကောင်စီဝင်များ၊      ပြည်ထောင်စု ဝန်ကြီးများနှင့်  နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က သပြေခက်ဖြင့်  အတာရေပက်ဖျန်းပေးကြပြီး အခမ်းအနားကို ပိတ်သိမ်းလိုက်သည်။ 


သတင်းစဉ်