ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အတာသင်္ကြန်ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်     ဧပြီ     ၁၆
နိုင်ငံတော်            စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊     ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့်  ဆက်သွယ် ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး  တင်အောင် စန်းနှင့်  ဇနီးတို့သည်  ယနေ့ညနေ ပိုင်းတွင်  မြန်မာ့မီးရထား နေပြည် တော်   ဘူတာကြီးဝင်းအတွင်းရှိ ပို့ဆောင်ရေးနှင့်        ဆက်သွယ် ရေး   ဝန်ကြီးဌာန   မြန်မာ့ရိုးရာ အတာသင်္ကြန်   ရေကစားမဏ္ဍပ်  ပိတ်ပွဲ   အခမ်းအနားသို့    တက် ရောက်သည်။  
ရေကစားမဏ္ဍပ်တွင် ဝန်ကြီး  ဌာနအောက်ရှိ  ဌာနအဖွဲ့အစည်း များမှ  ယိမ်းအဖွဲ့များက  သင်္ကြန် ယိမ်းအကများဖြင့်      ဖျော်ဖြေ ကြရာ       ပြည်ထောင်စုဝန်ကြီး နှင့်     ဇနီးတို့က    ယိမ်းအဖွဲ့များ ကို     ဂုဏ်ပြုဆုငွေများ   ချီးမြှင့် ပြီး    စတုဒိသာများဖြင့်    ဧည့်ခံ ကျွေးမွေးသည်။
ဆက်လက်၍ အစီအစဉ်များ အတိုင်း        ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး       ဝန်ကြီးဌာန၏ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ အတာ သင်္ကြန်   ရေကစားမဏ္ဍပ်   ပိတ်ပွဲ အခမ်းအနားကျင်းပရာ    ဝန်ကြီး ဌာနအောက်ရှိ ဌာနအဖွဲ့အစည်း  အသီးသီး၏  ယိမ်းအဖွဲ့ ကိုးဖွဲ့က  မန်းတောင်ရိပ်ခိုသီချင်း သီဆိုပြီး  ပြည်ထောင်စုဝန်ကြီးနှင့်  ဇနီးတို့  ဦးဆောင်သော    ဒုတိယဝန်ကြီး များ၊ ဌာနအကြီးအကဲများ၊ ၎င်းတို့ ၏    ဇနီးများနှင့်    မိသားစုများက အတာရေပက်ဖျန်းကာ   ရေကစား မဏ္ဍပ်ကို အောင်မြင်စွာ ပိတ်သိမ်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်