နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှနှင့်အဖွဲ့ဝင်များ မန္တလေးတပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုအားပေး

 

နေပြည်တော်   ဧပြီ   ၁၆


မြန်မာသက္ကရာဇ် (၁၃၈၄-၁၃၈၅) ခုနှစ်  မြန်မာ့ရိုးရာ  မဟာအတာ သင်္ကြန်   အတက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ တပ်မတော်  ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၏ဇနီး ဒေါ်ကြူကြူလှသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ    လိုက်ပါ၍    မန္တလေး တပ်နယ်ရှိ    မိသားစုရေသဘင် မဏ္ဍပ်များ၌   အရာရှိ၊  စစ်သည်၊ မိသားစုဝင်များ၏      ပျော်ရွှင်စွာ ရေသဘင်ပွဲတော်ဆင်နွှဲနေမှုများ ကို သွားရောက်ကြည့်ရှုအားပေး သည်။

 


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည်  အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်    နန်းမြို့သူ မိသားစု  အတာရေသဘင်မဏ္ဍပ် သို့   ရောက်ရှိကြရာ  အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဇနီး၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သောင်းသောင်း ဖြဖြ  ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက်     မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့များ၏  သီဆိုကပြ ဖျော်ဖြေမှုများ၊ တေးသီချင်းများ သီဆိုဖျော်ဖြေမှုများ၊  နိုင်ငံကျော် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှု များနှင့်အတူ   အရာရှိ၊  စစ်သည်၊ မိသားစုဝင်များက    ရေသဘင် ပွဲတော်ကို  ပျော်ရွှင်စွာဆင်နွှဲနေ မှုများကို   ကြည့်ရှုအားပေးကြ သည်။ 

 


ယင်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ တပ်မတော်  ကာကွယ်ရေးဦးစီး ချုပ်၏ဇနီးနှင့်   အဖွဲ့ဝင်များသည် ရေသဘင်ပွဲတော်ကို   ပျော်ရွှင်စွာ ဆင်နွှဲနေကြသည့်      အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယိမ်း အဖွဲ့များအား      အတာရေများ ပက်ဖျန်းကြပြီး သီဆိုကပြဖျော်ဖြေ ခဲ့ကြသည့်     ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် သည်။

 


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ တပ်မတော်   ကာကွယ်ရေးဦးစီး ချုပ်၏ဇနီးနှင့်  အဖွဲ့ဝင်များသည် မန္တလေးတပ်နယ်ရှိ    တပ်ရင်း၊ တပ်ဖွဲ့များ၏  အရာရှိ၊   စစ်သည်၊ မိသားစုဝင်များက   ရေသဘင် ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေမှု များကို      လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း   သတင်း ရရှိသည်။                

သတင်းစဉ်