နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို မဟာသင်္ကြန်မဏ္ဍပ်များ၌ အေးချမ်းပျော်ရွှင်စွာ ရေကစားနေမှုများနှင့် ပိတ်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

 

မန္တလေး   ဧပြီ    ၁၆


မြန်မာတို့၏ အစဉ်အလာမပျက် ရိုးရာယဉ်ကျေးမှု  မဟာသင်္ကြန် ပွဲတော်ကို ဧပြီ ၁၃ ရက်မှစတင်၍ နိုင်ငံတစ်ဝန်း အေးချမ်းပျော်ရွှင် စွာဆင်နွှဲလာခဲ့ရာယနေ့(သင်္ကြန်အတက်နေ့)  တွင်    ပိတ်ပွဲနှင့် ဆုပေးပွဲ    အခမ်းအနားများကို ကျင်းပကြသည်။

 


နိုင်ငံတော်  စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်    ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး   ဝန်ကြီး ချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသ ကြီးဝန်ကြီးများသည် တာဝန်ရှိသူ များနှင့်အတူ မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်၌   မင်္ဂလာ မန္တလေး မဟာသင်္ကြန်ရေကစား မဏ္ဍပ်နှင့်   ဖျော်ဖြေရေးမဏ္ဍပ်၊ ပိတောက်ရွှေဝါ     မဟာသင်္ကြန် ရေကစားမဏ္ဍပ်နှင့်  ဖျော်ဖြေရေး မဏ္ဍပ်၊     ကျုံးအရှေ့ဘက်လမ်း တစ်လျှောက်     အတာသင်္ကြန် ရေကစားမဏ္ဍပ်နှင့်  ဖျော်ဖြေရေး  မဏ္ဍပ်များ၊ မန္တလေးမြို့သူမြို့သား များ၊  ဝန်ကြီးဌာနများ၏  မဟာ သင်္ကြန်        ရေကစားမဏ္ဍပ်နှင့်  ဖျော်ဖြေရေးမဏ္ဍပ်၊   စတုဒိသာ မဏ္ဍပ်များသို့သွားရောက်၍ ကြည့် ရှုအားပေးကာ    မြို့သူမြို့သားများ နှင့်အတူ ပျော်ရွှင်စွာဆင်နွှဲ ကြသည်။  

 


ယင်းနောက်  မန္တလေးမြို့တော်  မဟာသင်္ကြန်မဏ္ဍပ်    ပိတ်ပွဲ အခမ်းအနားကို   ညနေပိုင်းတွင်  ဆက်လက်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊      တိုင်းဒေသကြီး  ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်  ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူး ချုပ် အောင်ဇော်ထွေး၊  တိုင်းဒေသ ကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီး များ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊   မြန်မာ - ရုရှား    ချစ်ကြည်ရေး အသင်းမှ   နှစ်နိုင်ငံချစ်ကြည်ရေး နှင့်  ခရီးသွားကဏ္ဍ   မြှင့်တင်ရေး အတွက်  မြန်မာနိုင်ငံသို့  ရောက်ရှိ လာသော တာဗရီဒါအနုပညာ အစီ အစဉ်မှ    ရုရှား   Bloggerအဖွဲ့၊    ပြိုင်ပွဲဝင်ယိမ်း အကအဖွဲ့များနှင့်  ဖိတ်ကြားထားသည့်      ဧည့်သည် တော်များ တက်ရောက်ကြသည်။ 

 


အခမ်းအနားတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က   မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်  နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ကိုလည်းကောင်း၊    တိုင်းဒေသ ကြီး   စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်    ဦးကျော်ဆန်းက  နှစ်သစ်ကူးဆု တောင်းစကားများ ကိုလည်းကောင်း ပြောကြားသည်။

 


ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး       ကောင်စီအဖွဲ့ဝင်  ဦးမောင်ကိုက  ပထမဆုရ  အမရ ပူရမြို့နယ်   ကိုယ်စားပြု  အမရ သိင်္ဂီယိမ်းအဖွဲ့၊   တိုင်းဒေသကြီး ဝန်ကြီးချုပ်က      ဒုတိယဆုရ  မဟာအောင်မြေမြို့နယ် ကိုယ်စား ပြု မဟာအောင်မြေယိမ်းအဖွဲ့နှင့် ပူးတွဲဒုတိယဆုရ ချမ်းအေးသာစံ မြို့နယ်ကိုယ်စားပြု    ဈေးချိုသူ ယိမ်းအဖွဲ့၊  အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူး ချုပ်   အောင်ဇော်ထွေးနှင့်   တိုင်း ဒေသကြီးဝန်ကြီးများက ဆုရရှိ သည့် ယိမ်းအဖွဲ့များကို  ဂုဏ်ပြု ဆုငွေများ        ချီးမြှင့်ခဲ့ပြီးနောက် နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်    ဦးမောင်ကို၊ တိုင်းဒေသကြီး      ဝန်ကြီးချုပ်   ဦးမျိုးအောင်နှင့် အဖွဲ့တို့က မြန်မာ- ရုရှား    ချစ်ကြည်ရေးအသင်းမှ  နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ခရီး သွားကဏ္ဍ  မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တာဗရီဒါအနုပညာ  အစီအစဉ်မှ ရုရှားBlogger  အဖွဲ့အား အမှတ်  တရဂုဏ်ပြု      လက်ဆောင်များ ပေးအပ်သည်။

 


ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင် ဦးမောင်ကို၊       တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့တို့က မြန်မာ- ရုရှား       ချစ်ကြည်ရေးအသင်း မှ          နှစ်နိုင်ငံချစ်ကြည်ရေး နှင့်    ခရီးသွားကဏ္ဍ  မြှင့်တင်ရေး အတွက်   မြန်မာနိုင်ငံသို့ရောက်ရှိ လာသော     တာဗရီဒါအနုပညာ အစီအစဉ်မှ ရုရှားBloggerအဖွဲ့၏ သီဆိုဖျော်ဖြေမှု၊ ဆုရရှိသည့် ယိမ်း အဖွဲ့များ၏   အကအလှများနှင့် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများကို   ကြည့်ရှု အားပေးပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် နှစ်သစ်ကူး  အခမ်းအနား      အောင်မြင်စွာ  ကျင်းပပြီးစီးခဲ့ကြောင်း   သတင်း ရရှိသည်။                   

သတင်းစဉ်