
မုံရွာ ဧပြီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များသည် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက် နံနက်ပိုင်း တွင် မုံရွာမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်သို့ သွားရောက်ကြည့်ရှု အားပေးပြီး ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပိတောက်အားမာန် ရေသဘင်မဏ္ဍပ်သို့ရောက်ရှိကာ ယိမ်းအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် နိုင်ငံကျော်အဆိုတော် များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ သည်။
မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ အလုံတပ်နယ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရေသဘင်မဏ္ဍပ် သို့ရောက်ရှိကာ ယိမ်းအကဖွဲ့များနှင့် အဆိုတော် များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)