
နေပြည်တော် ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအက အဖွဲ့များ၊ ခေတ်ပေါ်တေးဂီတ အဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲ သူများဖြင့် စည်ကားသိုက်မြိုက် စွာ ဆက်လက်ဆင်နွှဲလျက်ရှိ သည်။
မဟာသင်္ကြန် အကြတ်နေ့ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ရေကစားမဏ္ဍပ် အသီးသီး တို့၌ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ် တေးဂီတအဖွဲ့များ၊ အတာရေ သဘင်ပွဲဆင်နွှဲသူများ ဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲကြရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူ များက အတာသင်္ကြန် ယိမ်းအက အဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှု များကို သွားရောက်ကြည့်ရှု အားပေးပြီး ပါဝင်ဆင်နွှဲကြသည်။
ထို့အပြင် နေပြည်တော် တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစား မဏ္ဍပ်များ၊ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာန ချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစား မဏ္ဍပ်များ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစား မဏ္ဍပ်များ၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် နှင့် တပ်နယ်အသီးသီးရှိ ရေကစား မဏ္ဍပ်များ၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် မန္တလေး မြို့ရှိ ရေကစားမဏ္ဍပ်များ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစား မဏ္ဍပ်များ၌ အတာရေသဘင်ပွဲ ဆင်နွှဲကြရာ သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ နှင့် အဖွဲ့ဝင်များက သွားရောက်၍ အတာသင်္ကြန် ယိမ်းအကအဖွဲ့ များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေ များ ပေးအပ်ကြသည်။
ထို့ပြင် နေပြည်တော် လမ်းလျှောက်သင်္ကြန်နှင့် ရေပန်း ဥယျာဉ်၊ လှေခွင်းတောင်အပန်း ဖြေစခန်း၊ ရန်ကုန်လမ်းလျှောက် သင်္ကြန်၊ မန္တလေးလမ်းလျှောက် သင်္ကြန်နှင့် ဦးပိန်တံတား၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့နယ် ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေတို့၌ လည်း ကောင်း၊ ရခိုင်ပြည်နယ် သံတွဲ မြို့နယ်ရှိ ငပလီကမ်းခြေ၊ စစ်တွေပွိုင့် အပြန်းဖြေစခန်းနှင့် ပွိုင့်ကမ်းခြေ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ အင်းလေးရေပေါ် သင်္ကြန်၊ ဟဲဟိုးမြို့ရှိ အင်းခေါင်း ဆည်၊ ဟိုက်ပါရေတံခွန်၊ ကွန်ဟိန်း ရေပေါ်သင်္ကြန်နှင့် ခိုလမ်ရေပြာ စမ်း အပါအဝင် အပန်းဖြေနေရာ များ၌လည်းကောင်း လာရောက် အပန်းဖြေ အနားယူနေသော ပြည်သူများဖြင့် စည်ကားလျက် ရှိပြီး စားသောက်ဆိုင်များ၊ ဒေသ ထွက်ကုန် ရောင်းချနေသော ဈေးဆိုင်များ ဖွင့်လှစ်ထားရှိ ကာ စည်ကားသိုက်မြိုက်လျက်ရှိ သည်။
၎င်းအပြင် ရေသဘင်ပွဲဆင်နွှဲ ကြသူများကို စတုဒိသာအကျွေး အမွေး၊ နိဗ္ဗာန်ဈေးပွဲတော်များဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ဖြင့် အတာ ရေသဘင်ပွဲတော်ကို ဆင်နွှဲကြ သည်။
ထို့အပြင် အများပြည်သူ ရုံးပိတ်ရက်ဖြစ်သည် နှင့်အညီ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိ ဘုရားကြီး၊ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး တို့ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်