
ရန်ကုန် ဧပြီ ၁၅
ယနေ့မဟာသင်္ကြန် အကြတ်နေ့၌ ရန်ကုန်မြို့တော် မဟာသင်္ကြန် မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ မှ သံတမန်များနှင့် မိသားစုဝင်များ၊ ကောင်စစ်ဝန်ရုံးများမှ ကိုယ်စား လှယ်များ၊ နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ လာရောက်ဆင်နွှဲကြရာ ထိုင်းသံအမတ်ကြီး H.E Mr. Mongkol Visitstump က မြနန္ဒာသီချင်းသီဆိုပြီး မြန်မာနှစ်သစ်ကူး အတာရေ သဘင်ပွဲတော်ကို ဂုဏ်ပြုဆင်နွှဲခဲ့သည်။
စည်ကားသိုက်မြိုက်
မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်အကျနေ့၌ နိုင်ငံတစ်ဝန်းရှိ ရေကစားမဏ္ဍပ်များ၊ အပန်းဖြေ ကမ်းခြေများ၊ နေပြည်တော်နှင့် တောင်ပေါ်ဒေသ အင်းလေး၊ ပြင်ဦးလွင်တို့တွင် အရွယ်သုံးပါး မကျန် ရေကစားသူတို့ဖြင့် အထူး စည်ကားခဲ့ပြီး ယနေ့မဟာသင်္ကြန် အကြတ်နေ့တွင် ယမန်နေ့က ထက် ပြည်သူများ ရေသဘင် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်နွှဲလျက်ရှိရာ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင် နံနက် ပိုင်း၌ ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တိုင်းရင်း သားရိုးရာယဉ်ကျေးမှု အကနှင့် ကမ္ဘောဇယိမ်းဖြင့် ဖျော်ဖြေရေးကို စတင်ဖွင့်လှစ်ခဲ့ပြီး ဌာနဆိုင်ရာ များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ ယိမ်း အဖွဲ့များက အကအလှများဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
သင်္ကြန်တေးဖျော်ဖြေ
ဆက်လက်၍ တေးဂီတ အစီအစဉ်တွင် စိုးမောင်မောင်၊ ခင်လပြည့်ဝန်း၊ ပူစူး၊ စိုးညီညီ၊ ဝိုင်းလမင်းအောင်၊ ထက်ထက် စိုးစံ၊ မင်းသုခ၊ ဖြူဖြူခိုင်၊ ဈာန်း၊ ဉာဏ်လင်းထက်နှင့် ရွှေထိုက် တို့က မြူးကြွသော သင်္ကြန် တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေကြသည်။
ကြည့်ရှုအားပေး
ထို့နောက် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံ ခြားသံရုံးများမှ သံတမန်များနှင့် မိသားစုဝင်များ၊ ကောင်စစ်ဝန်ရုံးမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြား စီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေး မှူးချုပ်များနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်တို့သည် အကယ်ဒမီ နေအောင်၊ သရုပ် ဆောင် ခင်သန်းနွယ်၊ ရွှေပြုံးတော် ဒိုးအက ရုပ်သေးနှင့် လူစင်တော် အက၊မင်္ဂလာရှိသော သင်္ကြန်ယိမ်း၊ ရာမာယဏ၊ ရုပ်ရှင်/သဘင်/ဂီတအဖွဲ့နှင့် နိုင်ငံခြားတေးသီချင်း များဖြင့် တင်ဆက်ဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Mongkol Visitstump က နိုင်ငံခြားရေးဝန်ကြီးဌာန ယိမ်း အဖွဲ့နှင့်တွဲဖက်၍ မြနန္ဒာသင်္ကြန် သီချင်းဖြင့် သီဆိုဖျော်ဖြေရာ နိုင်ငံ ခြားသံတမန်များနှင့် ဧည့်သည် တော်များ၊ အတာရေသဘင်ဆင်နွှဲ ကြသည့် ပြည်သူများ အထူး အားပေးခဲ့ကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သံတမန်များနှင့် မိသားစုဝင်တို့သည် မဟာဗန္ဓုလ ပန်းခြံလမ်းရှိ လမ်းလျှောက် သင်္ကြန်ပွဲတော်ကို အများပြည်သူ များနှင့်အတူ ဆင်နွှဲကြရာ လမ်းလျှောက်သင်္ကြန် ပွဲတော်တစ်လျှောက် ကြက်ပျံ မကျ စည်ကားခဲ့သည်။
ထို့နောက် မြို့တော်ခန်းမ ပထမထပ်ခန်းမကြီးတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသော နေ့လယ်စာ အား နိုင်ငံခြားသံတမန်များနှင့် မိသားစုဝင်များက ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန် မြို့တော်ဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့နှင့်အတူ နွေးထွေး ပျော်ရွှင်စွာ အတူတကွစားသုံးကြ သည်။
ညပိုင်းဖျော်ဖြေ
ရန်ကုန်မြို့တော် မဟာသင်္ကြန် မဏ္ဍပ်၏ ညနေပိုင်းအစီအစဉ်တွင် ယိမ်းအဖွဲ့များ ယှဉ်ပြိုင်မှုနှင့်အတူ ဂီတအစည်းအရုံးမှ တေးသံရှင် တို့က ဖျော်ဖြေကြပြီး ညပိုင်း၌ သဘင်အစည်းအရုံးမှ ဆိုင်း ပန်တျာစိန်လှမြိုင်၊ သဘင်အဖွင့် သီချင်းနှင့် ယိမ်းအက၊ သဘင် တေးသံသာ၊ ရွှေတံဆိပ်ဆုရှင် စိန်အေးမြင့်၏ ရုပ်သေးနှင့် ရွှေသင်္ကြန်အငြိမ့်၏ လူရွှင်တော် ချစ်ချောအဖွဲ့မှ ဖျော်ဖြေတင်ဆက် ကြသည်။
အများပြည်သူများ ရေသဘင် ပွဲတော်ကို ပျော်ရွှင်ချမ်းမြေ့စွာဖြင့် လွတ်လပ်ပေါ့ပါးစွာ ဆင်နွှဲလျက် ရှိရာ ပြည်သူ့ရင်ပြင် လမ်းလျှောက် သင်္ကြန်ပွဲတော်နှင့် Royal Apex ဖျော်ဖြေရေးမဏ္ဍပ်တို့၌ ရေပက်ခံ သူ၊ ရေကစားသူ၊ ရေပက်ခံကား များဖြင့် စည်ကားခဲ့ပြီး နွေဦး ကဗျာ၊ နှစ်သစ်ချစ်ဦး၊ ပိတောက် လက်ဆောင်၊ ပိတောက်ရိပ်၊ သင်္ကြန်မိုး၊ နွေအလှ၊ တူးပို့ တူးပို့၊ ပိတောက်မျက်နှာ၊ နှစ်သစ် မင်္ဂလာနှင့် ပန်းမျိုးတစ်ရာမဏ္ဍပ် စသည့် ရေကစားမဏ္ဍပ်တို့၌လည်း ရေပက်ခံသူနှင့် ရေပက်ခံကားတို့ ဖြင့် စည်ကားခဲ့၍ ထန်းလက်မိုး စားသောက်ဆိုင်တန်း တစ်လျှောက် အပန်းဖြေစားသောက်သူတို့ဖြင့် ပြည့်လျှံခဲ့ကာ စတုဒိသာမဏ္ဍပ် များတွင်လည်း သင်္ကြန်ပွဲတော်ဆင်နွှဲသူတို့ဖြင့် သင်္ကြန်အကြတ် နေ့သည် စည်ကားများပြားခဲ့ သည်။
သင်္ကြန်အကြတ်စည်ကား
အထူးသဖြင့် ပြည်သူ့ရင်ပြင် ရေမှုန်ရေမွှား လမ်းလျှောက်သင်္ကြန် တွင် လူကြီး၊ လူငယ်၊ ကလေးငယ် များ ရောင်စုံထီးအရိပ်အောက်၌ တန်ခူးနွေအပူကို ဖြေလျှော့စေ သည့် သင်္ကြန်ရေကို ထွေးပွေ့ခံစား သူများ၊ အမှတ်တရဓာတ်ပုံရိုက် ခြင်း၊ မိသားစုလိုက်၊ အုပ်စုလိုက် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် အပန်းဖြေခြင်းတို့ဖြင့် သင်္ကြန် အကြတ်နေ့သည် အထူးစည်ကား ခဲ့ကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ရဲထွဋ်၊ ဇော်မင်းလတ်