
ရန်ကုန် ဧပြီ ၁၅
၁၃၈၅ ခုနှစ် မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ သံတမန် မဟာ သင်္ကြန် ရေသဘင်ပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သံတမန်လမ်းရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ မဟာ ဗျူဟာနှင့် နိုင်ငံတကာ လေ့လာ ရေးအဖွဲ့ ခြံဝင်းရှိ မြက်ခင်းပြင်၌ ကျင်းပသည်၊၊
မြန်မာ့ရိုးရာ ရေသဘင် ပွဲတော်သို့ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော် မျိုးထွဋ်နှင့် ဇနီး၊ ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးချုပ် ရုံးများမှ ကိုယ်စားလှယ်များနှင့် ပြည်ပ စီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၏ မိသားစုဝင်များ တက်ရောက်ကြသည်၊၊
အခမ်းအနားတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားနှင့် နှစ်သစ်ဆုမွန်ကောင်း စကား ပြောကြားသည်၊၊
ထို့နောက် မြန်မာ့ရိုးရာ ရေသဘင်ပွဲတော် ပါဝင်ဆင်နွှဲကြ သူများကို မြန်မာ့ရိုးရာ အစားအစာ များဖြင့် တည်ခင်းဧည့်ခံသည်၊၊
ယင်းနောက် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် ဇနီး တက် ရောက်လာကြသည့် သံတမန်များ နှင့် ဧည့်သည်တော်များသည် နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနတို့မှ လှပျိုဖြူများက သင်္ကြန်ယိမ်းအက များဖြင့် သီဆိုကပြ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး ပျော်ရွှင် စွာ စုပေါင်း ရေကစားခဲ့ကြကြောင်း သိရသည်၊၊
သတင်းစဉ်