
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နေပြည်တော်လေတပ်စခန်းမိသားစုမဟာသင်္ကြန်မဏ္ဍပ်၊ နေပြည်တော်လမ်းလျှောက်သင်္ကြန်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိသားစုမဟာသင်္ကြန်မဏ္ဍပ်များသို့ သွားရောက်၍ မိသားစုများနှင့်အတူ ပျော်ရွှင်စွာ ရေသဘင်ပွဲဆင်နွှဲ
နေပြည်တော် ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကြတ်နေ့ဖြစ်သော ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ရေကစားမဏ္ဍပ်များ၌ သင်္ကြန်ချစ်သူပြည်သူများ၊ ဝန်ထမ်း များနှင့် မိသားစုများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက မဟာသင်္ကြန် ရေသဘင်ပွဲကို ပျော်ရွှင်စွာပါဝင် ဆင်နွှဲလျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်း သန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချူပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ နှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ လိုက်ပါ၍ နေပြည်တော် လေတပ်စခန်း မိသားစု မဟာသင်္ကြန်မဏ္ဍပ်သို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူ အတာရေ သဘင်ပွဲကို ပါဝင်ဆင်နွှဲပြီး အနု ပညာရှင်များ၊ မိသားစုယိမ်းအဖွဲ့ များ၏ သီဆိုကပြ ဖျော်ဖြေနေမှု များကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြသည်။
အလားတူ ညနေပိုင်းတွင် လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည် တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံအထိ ဇုန် လေးဇုန် သက်မှတ်ကာ ခေတ် နှင့်အညီ ကျင်းပလျက်ရှိသည့် နေပြည်တော် လမ်းလျှောက် သင်္ကြန်သို့ သွားရောက်၍ ပြည်သူ များနှင့်အတူ အတာရေသဘင်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား နေပြည်တော် ဘူတာကြီးဝင်း အတွင်းရှိ မြန်မာ့ရိုးရာအတာ သင်္ကြန် ရေကစားမဏ္ဍပ်သို့ သွား ရောက်၍ နိုင်ငံကျော်အနုပညာရှင် များနှင့် တေးသံရှင်များ၊ မိသားစု သင်္ကြန် ယိမ်းအကအဖွဲ့များ၏ တေးသီချင်းများ၊ ယိမ်းအကများ ဖြင့် သီဆိုကပြ ဖျော်ဖြေနေမှု၊ မိသားစုများပျော်ရွှင်စွာ ရေသဘင် ပွဲဆင်နွှဲနေမှုများကို ကြည့်ရှု အားပေးကြပြီး သီဆိုကပြဖျော်ဖြေ ကြသည့် အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များအား ဂုဏ်ပြု လက်ဆောင်နှင့် ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ကြသည်။
ထို့အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) ဝင်းအတွင်းရှိ ဇေယျာသီရိမဏ္ဍပ်၊ စိန်ပန်းမဏ္ဍပ်၊ မန်ကျည်းရိပ်မဏ္ဍပ်နှင့် နေပြည် တော် တိုင်းမဏ္ဍပ်တို့တွင်လည်း ရေပက်ခံသူများ၊ရေပက်ကစားသူ များဖြင့် အထူးစည်ကားလျက်ရှိပြီး မိသားစု သင်္ကြန်ယိမ်းအကအဖွဲ့ များ၊ အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်း များ၊ ယိမ်းအကများဖြင့် သီဆို ကပြ ဖျော်ဖြေကာ ရေကစားမဏ္ဍပ် များတွင် စတုဒိသာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်