အင်းလေးရေပေါ်သင်္ကြန်၌ ရေကစားသူများ၊ ခရီးသွားဧည့်သည်များ ပျော်ရွှင်စွာ ရေကစားလျက်ရှိ

 

ညောင်ရွှေ    ဧပြီ     ၁၄


မြန်မာ့ရိုးရာ     မဟာသင်္ကြန်ပွဲတော်  အင်းလေးရေပေါ်သင်္ကြန်တွင်    မဟာ သင်္ကြန်အကျနေ့၌    ခရီးသွားဧည့်သည် များ၊   ရေကစားသူများဖြင့်      စည်ကား လျက်ရှိကြောင်း သိရသည်။

 


အင်းလေးရေပေါ်သင်္ကြန် ဒုတိယနေ့  တွင် ရေကစားမဏ္ဍပ်တည်ရှိရာ အင်းပေါ  ခုံကျေးရွာအနီးရှိ  ရေပြင်နှင့် ခေတ်ဆန်း ယဉ်ရေကစားမဏ္ဍပ်၌    နံနက်  ၉  နာရီ မှစတင်၍     ခရီးသွားဧည့်သည်များ၊ ရေကစားသူများဖြင့်     စည်ကားလျက် ရှိသည့်အပြင်     မဏ္ဍပ်ပေါ်တွင်လည်း    ယိမ်းအကအဖွဲ့များ၊      တေးသံရှင်များမှ  တေးသံသာများဖြင့်  ကပြသီဆို ဖျော်ဖြေခဲ့ကြသည်။

 

အင်းလေးရေပေါ် သင်္ကြန်တွင် ရေကစားသူများသည် စက်လှေများပေါ်မှလည်းကောင်း၊ ရေကစားမဏ္ဍပ်ပေါ်မှ လည်းကောင်း၊ သတ်မှတ်ထားရာနေရာများမှနေ၍ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသည်။

 


အင်းလေးဒေသသည်   ပြည်တွင်းပြည်ပ  ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ နေရာဒေသတစ်ခုဖြစ်သည်နှင့်အညီ အင်းလေး ရေပေါ်သင်္ကြန်ပွဲတော်ကို ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ်အဖြစ် ယခုနှစ်တွင်   ဒုတိယအကြိမ်မြောက်  ကျင်းပခြင်းဖြစ်ကြောင်း  သိရ သည်။                      

 

နေမျိုးသူရိန်