
နေပြည်တော် ဧပြီ ၁၄
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ် ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၁၅ - ၄ - ၂၀၂၃ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၅) တွင် အစားမက်ပြီး ဆင်ခြင် ဉာဏ်ကင်းမဲ့စွာ လုပ်ဆောင်တတ်သော အကျင့်ကြောင့် ဒုက္ခရောက်ရသော ဖက်တီးအကြောင်းကို တင်ဆက်ထား သည့် “ဖက်တီးရဲ့ လက်စွမ်း” မျက်နှာဖုံး ကာတွန်း၊ အင်ဂျင်စက်များ ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို ဗဟုသုတရဖွယ် တင်ဆက် ထားသည့် “အင်ဂျင်စက်ကိုတီထွင်ခြင်း” သုတဆောင်းပါးကဏ္ဍ၊ ကလေးတို့ ပေးပို့ သော ကာတွန်းလက်ရာများကို ထည့်သွင်း ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ မိမိတွင်ရှိသော ပိုက်ဆံကို အဘွား အို အား လှူဒါန်းလိုက်သောကြောင့် မိမိ စားလိုသော ပေါက်စီကိုစားရသည့် ချက်စူ အကြောင်းကို ရေးဖွဲ့ထားသည့် “ချက်စူရဲ့ ဒါနအကျိုး” နှစ်မျက်နှာကာတွန်း၊ မိဘ ကျေးဇူးကို သိတတ်သည့် စိုးအောင်နှင့် သူငယ်ချင်းကို အလွန်ချစ်ခင်သော စိုးနောင်တို့ သူငယ်ချင်းနှစ်ယောက် အကြောင်းကို တင်ဆက်ထားသည့် “ချစ်သူငယ်ချင်း” ဝတ္ထုကဏ္ဍ၊ စကား ကို ကတ်တီးကတ်ဖဲ့ပြောတတ်သော ကျော်ကြီး အကြောင်းကို ရေးဖွဲ့ထားသည့် “ကျော်ကြီး” တစ်မျက်နှာကာတွန်း၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း ကူညီ ရိုင်းပင်းခြင်းကြောင့် အသက်ဘေးမှ လွတ်မြောက်သွားခဲ့သော ပူစီလေးနှင့် အပြန်အလှန်ရိုင်းပင်းကူညီရန် လိုအပ် ကြောင်း သိရှိသွားသည့် ခွေးပုလေး နက်ကျားတို့ အကြောင်းကို ဗဟုသုတ ရဖွယ် တင်ဆက်ထားသည့် “ချစ်ခင် ရိုင်းပင်း သူငယ်ချင်း” ပုံပြင်ကဏ္ဍ။
ပေးထားသောရုပ်ပုံကို ကလေးတို့ စိတ်ကြိုက်အရောင်များဖြင့် ခြယ်သ နိုင်မည့် ကာတွန်းပေါ်လွင်ကျော်၏ “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်းကဏ္ဍ၊ သူတစ်ပါးကို အထင် သေးကာ အကြွားသန်သောမျောက် အကြောင်းကို ရေးဖွဲ့ထားသည့် “အကြွား သန်တဲ့မျောက်” နှစ်မျက်နှာကာတွန်း၊ ကံ၊ ဉာဏ်၊ ဝီရိယတို့ ပေါင်းစပ်လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှု ရရှိခဲ့ပုံအကြောင်းကို အတု ယူဖွယ် ရေးဖွဲ့ထားသည့် “ကံ၊ ဉာဏ်၊ ဝီရိယ” နှစ်မျက်နှာကာတွန်း၊ Relative Pronoun များကို ပြန်လှန်လေ့ကျင့်ခန်း များနှင့်တကွ လေ့လာမှတ်သားနိုင်မည့် “ရွှေသွေး အင်္ဂလိပ်သဒ္ဒါ” ကဏ္ဍ၊ ဉာဏ်စမ်း ကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင် ကဏ္ဍ စုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ် အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်