နမ့်စန်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား စည်ကားစွာ ကျင်းပ

 

နမ့်စန်(တ)   ဧပြီ   ၁၄


ရှမ်းပြည်နယ်(တောင်ပိုင်း)   နမ့်စန် မြို့နယ်၌  ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို သင်္ကြန်အကြို နေ့ ညနေပိုင်းက အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့            မြို့လယ် ပြည်ထောင်စု       လမ်းမကြီးပေါ်ရှိ မဟာသင်္ကြန်      ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ သည်။

 


အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာန  ချုပ်      တိုင်းမှူး          ဗိုလ်ချုပ် မျိုးမင်းထွန်းက    မဟာသင်္ကြန် နှုတ်ခွန်းဆက်    အဖွင့်အမှာစကား ပြောကြားပြီး    အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်        တိုင်းမှူး၊ အရှေ့ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်  ဌာနချုပ်မှူး  ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး  ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ အမှတ်(၇၃)သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှု     ဌာနချုပ် သံချပ်ကာစစ်ဆင်ရေး ကွပ်ကဲရေး မှူး    ဗိုလ်မှူးချုပ်    ညီညီဝင်းနှင့် ဟိုမိန်းဌာနေ    ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ    ဦးမဟာဂျာတို့က  မဟာ သင်္ကြန်ဗဟိုမဏ္ဍပ်ကို  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 


ဆက်လက်၍ ယိမ်းအကအဖွဲ့ များက မြူမှောင်ဝေကင်း သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး   ရပ်ကွက်နှင့် ကျေးရွာများမှ   သင်္ကြန်ယိမ်းအက အဖွဲ့များနှင့်  တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအက အလှများဖြင့်     ကပြဖျော်ဖြေခဲ့ ကြောင်း သိရသည်။


သူရအောင်
(ပြန်/ဆက်)