
ဟိုပုံး ဧပြီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး မြို့နယ်၌ မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော် ဖွင့်ပွဲကို ဧပြီ ၁၃ ရက် ညနေပိုင်းက ဟိုပုံးမြို့မဟာ သင်္ကြန်မဏ္ဍပ်၌ ကျင်းပသည်။
ဖွင့်ပွဲတွင် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်း ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး စောအောင်မျိုး၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက မဟာ သင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက မဟာသင်္ကြန်ပွဲတော် ဖွင့်လှစ် ကြောင်း ကြေညာပြီးနောက် ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခို သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ က ဗဟိုမဏ္ဍပ်တွင် ယိမ်းအက အဖွဲ့ဝင်များနှင့် အဆိုဝါသနာရှင် များ၏ တေးသီချင်းဖျော်ဖြေနေမှု ကို ကြည့်ရှုအားပေးပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)