ကမ္ဘာ့ကုန်သွယ်ရေးတွင် တရုတ်အပါအဝင် အာရှကို မှီခိုနေရဆဲဟု တရုတ်စက်မှုကျွမ်းကျင်သူများ သုံးသပ်

 

နန်နင်း  ဧပြီ  ၁၄
ကမ္ဘာ့ကုန်သွယ်ရေးအနေဖြင့် တရုတ်နိုင်ငံ အပါအဝင် အာရှဒေသအပေါ် မှီခိုနေရဆဲဖြစ် ကြောင်း၊ အမေရိကန်နိုင်ငံ၏ လုပ်ဆောင်မှု အချို့ကြောင့်     ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေသည့်ကြားမှပင် တရုတ်နိုင်ငံ သည် ကမ္ဘာ့အရေးအကြီးဆုံး ကုန်ထုတ်လုပ်မှု အချက်အချာဖြစ်ကြောင်း   တရုတ်နိုင်ငံ၌ မတ် ၂၈ ရက်က ကျင်းပခဲ့သည့် Boao Forum for Asia Annual Conference 2023 ၌ အကြီးတန်းစက်မှုလုပ်ငန်းကျွမ်းကျင်သူ များနှင့်   ကုမ္ပဏီအမှုဆောင်အရာရှိများက ပြောကြားခဲ့ကြသည်။
တရုတ်အပါအဝင်     အာရှနိုင်ငံများ အကြား ကုန်သွယ်မှုအရ အပြန်အလှန်မှီခိုမှု အဆင့်သည် အလွန်မြင့်ကြောင်း၊ အာဆီယံ နိုင်ငံများအကြား မှီခိုမှုမှာ အမြင့်ဆုံးဖြစ်ပြီး ၂၁ ရာခိုင်နှုန်းရှိကြောင်း၊ ဂျပန်နှင့် တောင် ကိုရီးယားတို့၏ တရုတ်နိုင်ငံအပေါ်မှီခိုမှုမှာ ၂၀ ရာခိုင်နှုန်းကျော်ရှိကြောင်းနှင့် အာဆီယံ နိုင်ငံများနှင့်   ဩစတြေးလျ၊   ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူနှင့် ဗီယက်နမ်တို့ ပါဝင်သည့် Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) နိုင်ငံများ၏ တရုတ် နိုင်ငံအပေါ် မှီခိုမှုမှာ ၂၀  ရာခိုင်နှုန်းနီးပါး ရှိကြောင်း အဆိုပါဖိုရမ်မှ  ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
G-20 နိုင်ငံများအနက်   အများစုမှာ တရုတ်နိုင်ငံအပေါ်  ကုန်သွယ်မှုအရ   မှီခိုမှု မြင့်တက်လာသည်ကို    တွေ့မြင်ရပြီး အမေရိကန်နှင့် ပြင်သစ်တို့သာ တရုတ်နိုင်ငံ အပေါ် ကုန်သွယ်မှုအရ မှီခိုမှုကျဆင်းသွား ကြောင်း     အစီရင်ခံစာ၌    ဖော်ပြထား သည်။
တရုတ်နိုင်ငံသည်   ကမ္ဘာ့အကြီးဆုံး ကုန်ထုတ်လုပ်မှုဗဟိုချက်အဖြစ် အနည်းဆုံး နောင် ၁၀ နှစ်မှ နှစ် ၂၀  အထိ ၎င်း၏နေရာကို ဆုံးရှုံးနိုင်ဖွယ်   မရှိကြောင်း၊   အချို့သော လုပ်သားအင်အားသုံး    လုပ်ငန်းများသည် အာဆီယံနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအချို့သို့ ရွှေ့ပြောင်းလာပြီး တရုတ်နိုင်ငံ၏ ထုတ်လုပ်မှု ဂေဟစနစ်တွင် ပိုမိုပေါင်းစပ်ပါဝင်လာသောကြောင့် တရုတ်နိုင်ငံ   တစ်ခုလုံးအတွက် ပထဝီဝင်နိုင်ငံရေးအရ အကျိုးဖြစ်ထွန်းစေ ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် အာရှဒေသ၏ တစ်ဝက် တစ်ပျက် ကုန်ချောပစ္စည်းများ ကုန်သွယ်မှု တွင်   အဓိက    နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ကုန်သွယ်မှုအများဆုံး တစ်ဝက်တစ်ပျက် ကုန်ချောပစ္စည်း ၂၂ မျိုးအနက် တရုတ်နိုင်ငံ အနေဖြင့် အမျိုးအစား ၂၀ ကို ဦးဆောင်လျက် ရှိကြောင်း နန်နင်းမြို့ရှိ   မြန်မာစီးပွားရေး သံမှူးထံမှ  သိရသည်။