ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်လှစ်ပေးပြီး ဒေသခံပြည်သူများနှင့်အတူ အတာရေသဘင်ပွဲဆင်နွှဲ

 

မြစ်ကြီးနား    ဧပြီ    ၁၄


ကချင်ပြည်နယ်၏     မြို့တော် မြစ်ကြီးနားမြို့၌  ပြည်နယ်အစိုးရ အဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၄     ခုနှစ်      မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် ပွဲတော်ကို  (သင်္ကြန်အကျနေ့) ဧပြီ ၁၄ ရက် နံနက် ၈ နာရီက  လမ်းလျှောက် သင်္ကြန်  ကျင်းပသည့် ဆွမ်ပရာ ဘွမ်လမ်းမပေါ်ရှိ     အမှတ်(၁)အခြေခံပညာ      အထက်တန်း ကျောင်းရှေ့၌  ဖွင့်ပွဲအခမ်းအနား ကိုကျင်းပရာ      ဒေသခံပြည်သူ အများအပြား      ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့သည်။

 


အဆိုပါ လမ်းလျှောက်သင်္ကြန် ပွဲတော်ကို   ဆွမ်ပရာဘွမ်လမ်းမ ပေါ်ရှိ   အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့မှ ဆမား  လမ်းဆုံ(ကျောက်စိမ်းတုံးမီးပွိုင့်) အထိ   ကျင်းပပြုလုပ်ရာ   ဖွင့်ပွဲ အခမ်းအနားကို    လမ်းလျှောက် သင်္ကြန်မုခ်ဦးရှေ့၌      ကျင်းပ ပြုလုပ်ရာ       ကချင်ပြည်နယ် ဝန်ကြီးချုပ်    ဦးခက်ထိန်နန်က ပြည်နယ်  ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး  ဦးတိန့် ဆောင်၊  လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး   ရဲမှူးကြီး   ကျော်ထွန်း၊ တိုင်းရင်းသားရေးရာ     ဝန်ကြီး  ဦးကျော်မင်းခိုင်တို့က  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 


ထို့နောက်  ပြည်နယ်ဝန်ကြီး ချုပ်    ဦးခက်ထိန်နန်နှင့်   ဇနီး ဒေါ်နန်ဆိုင်း၊     ပြည်နယ်တရား  လွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊      ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ က လမ်းလျှောက်သင်္ကြန်ပွဲတော် အတွင်း ပါဝင်ဆင်နွှဲလျက်ရှိသည့် ယိမ်းအဖွဲ့များ၊   ဌာနဆိုင်ရာများ နှင့်    ပြည်သူများအား     အတာ ရေ    လိုက်လံဖျန်းပက်ခဲ့ကြကာ လမ်းလျှောက်   သင်္ကြန်ပွဲတော် အတွင်း စတုဒိသာမဏ္ဍပ်များဖြင့် တည်ခင်းဧည့်ခံ    ကျွေးမွေးနေမှု နှင့်   ဗဟိုမဏ္ဍပ်မှ    ခေတ်ပေါ် တေးသီချင်းများ၊  ယိမ်းအကအလှ များဖြင့်      သီဆိုဖျော်ဖြေနေမှု၊ နံ့သာမဏ္ဍပ်၊ လောင်းလှေများတွင် ရေဖျန်းပက်    ကစားနေကြသည့်  သင်္ကြန်ချစ်သူ      ပြည်သူများနှင့် အတူတကွ      ပျော်ရွှင်စွာဆင်နွှဲ ခဲ့ကြပြီး  ဗဟိုမဏ္ဍပ်၌ ယိမ်းအက အလှများ၊  ခေတ်ပေါ်တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှု အားပေးသည်။

 


ထိုမှတစ်ဆင့်       ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့   မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်   ရေကစားမဏ္ဍပ်သို့ တက်ရောက်ပြီး တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် ဇနီး၊ တပ်မတော် အရာရှိကြီးများ၊ တပ်နယ်မိသားစု ဝင်များနှင့်အတူ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မဏ္ဍပ်၌  ယိမ်းအက အလှများဖြင့်    သီဆိုဖျော်ဖြေမှု၊ နိုင်ငံကျော်       တေးသံရှင်များ၏  ခေတ်ပေါ်      တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို   ကြည့်ရှု အားပေးခဲ့ကြပြီး စတုဒိသာမဏ္ဍပ် များ၌ ဧည့်ခံကျွေးမွေးနေမှုများကို အားပေးခဲ့ကြကာ   ယိမ်းအကအဖွဲ့ များအတွက် ချီးမြှင့်ငွေများ ချီးမြှင့်  ပေးသည်။

 


ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ဆမားလမ်းပေါ်ရှိ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၏ ရေကစား မဏ္ဍပ် ခြောက်ခု၌ ယိမ်းအကအလှ များ၊  ခေတ်ပေါ်တေးသီချင်းသီဆိုမှု များနှင့်အတူ   စည်ကားသိုက်မြိုက် စွာ ကျင်းပနေမှုများကို လှည့်လည်  ကြည့်ရှုအားပေးခဲ့ကြပြီး  ဒေသခံ ပြည်သူများနှင့်အတူ  ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသည်။

 


အလားတူ  မြစ်ကြီးနားမြို့၌ ညနေပိုင်းတွင်      မဟာသင်္ကြန် ပွဲတော်ကို ဗဟိုမဏ္ဍပ်နှင့်ရေကစား မဏ္ဍပ်များတွင်        ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ လျက်ရှိပြီး    ညပိုင်းတွင်    ဗဟို  မဏ္ဍပ်၌   ယိမ်းအကအလှပြိုင်ပွဲ များ ကျင်းပပြုလုပ်သဖြင့် သင်္ကြန် ချစ်သူများဖြင့်   စည်ကားသိုက် မြိုက်လျက်ရှိကြောင်း      သိရှိရ သည်။

 

ပြည်နယ်(ပြန်/ဆက်)