
နေပြည်တော် ဧပြီ ၁၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ဂုံရှမ်းတိုင်းရင်းသား တို့၏ (၆၁၂) ကြိမ်မြောက် ရိုးရာ မဟာသင်္ကြန် မင်္ဂလာစည်တော် ပို့ဆောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ စပ်လုံကတ် အောင်မြေနတ်နန်း၌ ကျင်းပရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေး မှုအဖွဲ့များနှင့် ဒေသခံရှမ်းတိုင်းရင်း သားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိ သူများက ဂုံရှမ်းတိုင်းရင်းသားတို့ ၏ (၆၁၂)ကြိမ်မြောက် ရိုးရာမဟာ သင်္ကြန် မင်္ဂလာစည်တော်ပို့ဆောင် ပွဲတွင် နန္ဒဘေရီစည်တော်နှင့် သိကြားမင်းရုပ်တုကို ကင်မွန်း ရည်၊ အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။
ထို့နောက် တက်ရောက် လာ ကြသူများကို သင်္ကြန်အတာရေ များဖြင့် ပက်ဖျန်းကြကာ နန္ဒဘေရီ စည်တော်နှင့် သိကြားမင်းရုပ်တု ကို စပ်လုံကတ် အောင်မြေနတ်နန်း မှ မြို့ အတွင်းသို့ လှည့်လည်ပြီး “လောင့်ကုပ်” နမ့်ခင်ချောင်းသို့ ပို့ဆောင်ကြသည်။
ထိုသို့ပို့ဆောင်ရာ လမ်း တစ်လျှောက်တွင် ဒေသခံ တိုင်းရင်းသားများက စိတ်ချမ်း မြေ့စွာ သင်္ကြန်အတာရေများဖြင့် ပက်ဖျန်း၍ လိုက်ပါပို့ဆောင်ကြ ကြောင်း သိရသည်။
သတင်းစဉ်