
တိုကျို ဧပြီ ၁၃
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့သည် လွန်ခဲ့သော သီတင်းပတ်က ဂျပန် နိုင်ငံ အနောက်တောင်ပိုင်း၌ လူ ၁၀ ဦးနှင့်အတူ ပျောက်ဆုံးခဲ့သော မြေပြင်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ ၏ ရဟတ်ယာဉ်တစ်စင်းကို ဆက်လက်ရှာဖွေခဲ့ကြသည်။
အဆိုပါရဟတ်ယာဉ်သည် လွန်ခဲ့သော ကြာသပတေးနေ့က ဂျပန်နိုင်ငံ အိုကီနာဝါခရိုင်၊ မီယာကိုဂျီမာကျွန်းမှ ပျံတက်ပြီးမကြာမီ ရေဒါမှ ပျောက်ကွယ်သွားခဲ့သည်။
ရဟတ်ယာဉ်ပေါ်ပါ လူ ၁၀ ဦးလည်း ပျောက်ဆုံး လျက်ရှိသည်။ ရဟတ်ယာဉ်ပျက်ကျနိုင်ဖွယ်ရှိသည့် နေရာ၏ ပင်လယ်ကြမ်းပြင်အောက်အထိ ရှာဖွေ ကယ်ဆယ်မှုများကို ဦးစားပေးလုပ်ဆောင်ခဲ့သည်။
ဂျပန်ပင်လယ်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့၏ မိုင်းရှင်းသင်္ဘောနှစ်စင်းနှင့် ရေငုပ် ကယ်ဆယ်ရေးသင်္ဘောတစ်စင်းတို့သည် ရဟတ် ယာဉ်ပျက်ကျပျောက်ဆုံးနိုင်ခြေရှိသည့် နေရာ တစ်ဝိုက်တွင် ရှာဖွေကယ်ဆယ်မှုများကို ဧပြီ ၁၃ ရက် နံနက်ပိုင်းက လုပ်ဆောင်ခဲ့သည်။
ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ကယ်ဆယ် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်ရန် ကင်းလှည့် ရေယာဉ်အကြီးတစ်စင်းကို အဆိုပါနေရာသို့ စေလွှတ်ခဲ့သည်။
အင်န်အိတ်ချ်ကေ