
ဘန်ကောက် ဧပြီ ၁၃
ထိုင်းနိုင်ငံတစ်ဝန်း ပြည်သူများ သည် ရိုးရာနှစ်သစ်ကူးအားလပ် ရက်ကို ရေများပက်ဖျန်းပြီး ဆင်နွှဲ ကြသည်။ အဆိုပါပွဲတော်ကို နှစ်ပေါင်း လေးနှစ်ကြာပြီးနောက် ပထမဆုံးအကြိမ် ယခုကဲ့သို့ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ ကြသည်။
“ဆောင်ခရွန်” ဟုခေါ်သည့် နှစ်သစ်ကူး အားလပ်ရက်သည် ဧပြီ ၁၃ ရက်က စတင်ခဲ့သည်။ ဆောင်ခရွန်ပွဲတော်ကို ရေကစား ခြင်းနှင့်အတူ ဆင်နွှဲခဲ့ကြသည်။
ပြင်းထန်သော အပူချိန်ကို မေ့ထားပြီး အညစ်အကြေးများကို ဆေးကြောသန့်စင်သည့် ထုံးတမ်း ဓလေ့တစ်ခု၏ အစိတ်အပိုင်း တစ်ခုအဖြစ် ထိုင်းပြည်သူများ သည် လမ်းမများပေါ်ထွက်ပြီး တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းကြ သည်။
မြို့တော် ဘန်ကောက်ရှိ အပူချိန်သည် မကြာသေးမီရက် များအတွင်းက ၃၅ ဒီဂရီ ဆဲလ်စီး ယပ်စ်အထိ ရှိခဲ့သည်။
အဆိုပါ ပွဲလမ်းသဘင်ကို ဧပြီ ၁၅ ရက်အထိ ကျင်းပသွား မည်ဖြစ်သည်။ ထိုင်းပြည်သူ များသည် မိသားစုများ ပျော်ရွှင်စွာ အတူတကွ တွေ့ဆုံနှုတ်ဆက်ကြ လျက် ဘုရားကျောင်းများသို့ သွား ကာ နှစ်သစ်ကို ကြိုဆိုလျက် ရှိကြ သည်။
အင်န်အိတ်ချ်ကေ