မောင်တောမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ

 

မောင်တော    ဧပြီ    ၁၃


ရခိုင်ပြည်နယ် မောင်တောမြို့၌  ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်း အနားကို  ယနေ့ ညနေ ၄ နာရီ က         ကညင်တန်းရပ်ကွက်ရှိ  ဗဟိုလ်မဏ္ဍပ်         စည်ကား သိုက်မြိုက်စွာ        ကျင်းပပြုလုပ်သည်။

 


ရှေးဦးစွာ       မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်း အနားတွင်  ခရိုင်စီမံအုပ်ချုပ်ရေး  အဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးက နှစ်သစ်ကူး အမှာစကားပြောကြားပြီး   ၂၀၂၃ ခုနှစ်၊  မြန်မာသက္ကရာဇ်  ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကို    ခရိုင်/မြို့နယ်     စီမံ အုပ်ချုပ်ရေးအဖွဲ့        ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ရုပ်ရှင်သရုပ်ဆောင်  မင်းသား သားထက်တို့က ဖဲကြိုး ဖြတ်           ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ရိုးရာယဉ်ကျေးမှုအဖွဲ့ များက     အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြပြီး တာဝန်ရှိသူ များက အတာရေဖြင့် ယိမ်းအဖွဲ့ များ၊ ပရိသတ်များအား ရေပက် ဖျန်း၍    တပျော်တပါး   ပါဝင် ဆင်နွှဲခဲ့ကြသည်။    ယင်းနောက် ရုပ်ရှင်     သရုပ်ဆောင်    မင်းသား သားထက်နှင့်    ယိမ်းအဖွဲ့များက သင်္ကြန်          တေးသီချင်းများဖြင့် ဆက်လက်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး