
နေပြည်တော် ဧပြီ ၁၃
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် မြန်မာ့ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ မည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ရေကစား မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိ ရပ်ကွက်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစု များ၏ ရေကစားမဏ္ဍပ်ရှေ့၌ ကျင်းပသည်။
အခမ်းအနားသို့ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော် နှင့်ဇနီး၊ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန နှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဇနီးများ၊ ဌာနကြီးမှူး များ၊ ဝန်ထမ်းမိသားစုများ၊ နိုင်ငံ ကျော် အဆိုတော်များ၊ ယိမ်းအက အဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
ထို့နောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ရေကစား မဏ္ဍပ်ကို ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်နှင့် ညွှန်ကြားရေးမှူး ချုပ်များက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ယင်းနောက် နိုင်ငံကျော်အဆို တော်များက မြန်မာ့ရိုးရာသင်္ကြန် တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန ယိမ်းအကအဖွဲ့များက “မြူမှောင်ဝေကင်း သီချင်း”၊ “ဆောက်လုပ်ရေးမှ ကြိုနေမယ် သီချင်း” နှင့် “မန်းတောင်ရိပ်ခို” တေးသီချင်းများဖြင့် လည်း ကောင်း၊ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ ယိမ်းအကအဖွဲ့ များက သင်္ကြန်တေးသီချင်းများ ဖြင့်လည်းကောင်း၊ ကပြဖျော်ဖြေ တင်ဆက်ကြပြီး အခမ်းအနား သို့ တက်ရောက်လာသူများကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်း၍ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကြသည်။
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာ အတာသင်္ကြန်ပွဲတော်ကို နေပြည် တော် ဇမ္ဗူသီရိမြို့နယ် ဉာဏ သိဒ္ဓိရပ်ကွက်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစု များ၏ ရေကစားမဏ္ဍပ်၌ သင်္ကြန် အကြိုနေ့၊ သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်နေ့နှင့် သင်္ကြန် အတက်နေ့များတွင် နေ့စဉ်နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လည်းကောင်း၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိလည်းကောင်း အဆိုတော်များ၊ ယိမ်းအကအဖွဲ့ များ၏ သီဆိုကပြ ဖျော်ဖြေ တင်ဆက်မှုအစီအစဉ်၊ ရေကစား ခြင်းများနှင့် စတုဒိသာအကျွေး အမွေးများဖြင့် စည်ကားသိုက်မြိုက် စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်