
ရန်ကုန် ဧပြီ ၁၃
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ နှင့် စိမ်းလန်းစိုပြည်ဂါးဒင်းတို့ ပူးပေါင်းကျင်းပသည့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် နှင့် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်း အနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းလျားကန်အနီးရှိ စိမ်းလန်း စိုပြည်ဥယျာဉ်အတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၏ ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများ၏ ဇနီးများ၊ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (MCHT)မှ ဒေါ်စန္ဒာခင်နှင့် အဖွဲ့ဝင် များ၊ စိမ်းလန်းစိုပြည်ဂါးဒင်းမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် သင်္ကြန် ချစ်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (MCHT)မှ ဒေါ်စန္ဒာခင်က နှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးနှင့် တက်ရောက် လာကြသူများသည် အနုပညာရှင် ပျိုဖြူကလေးများ၏ ယိမ်းအက ဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှု အားပေးကြပြီး အလှူရှင်များ စုပေါင်းလှူဒါန်းထားသော ငါး ကျည်း၊ငါးခူအစရှိသော ငါးကောင် ရေ ၂၀၀၀ ကျော်ကို အင်းလျား ကန်အတွင်း ဇီဝိတဒါနအနေဖြင့် လွှတ်ပေးကြသည်။ (အပေါ်ပုံ)
ယင်းနောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်သို့ တက် ရောက်လာကြသူများက စုပေါင်းမုန့်လုံးရေပေါ်လုံးခြင်း၊ စတုဒိသာ များ အတူတကွသုံးဆောင်ခြင်းနှင့် အဆိုအကများဖြင့် ဖျော်ဖြေကြ ပြီး ဧည့်သည်တော်များက အဆို၊ အက၊ ယိမ်းများတွင် ပါဝင်ဆင်နွှဲကြကာ ရေပက်ကစား ကြသည်။
ယခု မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတွင် အလှူရှင်များ၊ ဂေါက်သီးရိုက် မိတ်ဆွေအဖွဲ့များ၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် စိမ်းလန်းစိုပြည်ဂါးဒင်းတို့ က စတုဒိသာကျွေးမွေးခြင်း နှင့် ဇီဝိတဒါန ငါးလွှတ်ခြင်းတို့ကို ကုသိုလ်ပါဝင်ကြကြောင်း သိရ သည်။
သတင်းစဉ်