
နေပြည်တော် ဧပြီ ၁၂
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့် တင်ဆက်လျက်ရှိရာ Friday Night Show အစီအစဉ် ဆန်းသစ်မှုအဖြစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြို “ပိတောက်လက်ဆောင်” တေးဂီတ ဖျော်ဖြေပွဲကို ၂၀၂၃ ခုနှစ် ဧပြီ ၁၄ ရက် သောကြာနေ့ ည ၈ နာရီ သတင်းများအပြီးတွင် MRTV-HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
အဆိုပါ အစီအစဉ်ကို “မြန်မာ့အသံတေးဂီတ” အဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင် များဖြစ်ကြသည့် ထပ်ဆင့် အကယ်ဒမီ ရဲအောင်၊ စိုးထက် အောင်၊ ဇော်ထွေးလတ်၊ ဈာန်ထူး၊ ချမ်းဟိန်းဝင်းထွန်း၊ လလဆွတ်၊ ရဲရင့်ဝေလွင်၊ နေခြည်၊ ရွှေဖြူ၊ ရေဂျီးနားနှင့် ဖူးဧကရီဆောင်းတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ် ကြောင်းနှင့် ထိုသို့တင်ဆက်မှုကို ဧပြီ ၁၆ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်