မာန်အောင်မြို့နယ်၌ ရေကောင်းရေသန့် သုံးစွဲနိုင်ရေး တာဝန်ရှိသူများ စစ်ဆေး

 

မာန်အောင်   ဧပြီ   ၁၂


ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မာန်အောင်မြို့နယ်အတွင်း  ကျေးရွာများ ရေကောင်းရေသန့် ရရှိသုံးစွဲနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဦးစီးဌာနမှ    တာဝန်ရှိသူ များက  ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင်  မြို့နယ်ကျေးလက်ဒေသ  ဖွံ့ဖြိုး တိုးတက်ရေးဦစီးဌာနက ဦးစိုးအောင်(ဦးစီးအရာရှိ၊နည်းပညာ)နှင့် ဦးအောင်နေထူး (အငယ်တန်းအင်ဂျင်နီယာ-၂)တို့က   ဧပြီ ၉ ရက်တွင် မာန်အောင်မြို့နယ်  ဘဲအင်းကျေးရွာအုပ်စု ခုံရွာကျေးရွာသို့ သွားရောက်ကာ ကျေးရွာရေကော်မတီဝင်များ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ကျေးရွာတွင်း သန့်ရှင်းသော ရေကောင်းရေသန့် ရရှိသုံစွဲနိုင်ရေးနှင့် ကျေးရွာ၌ လက်ရှိ ရေသုံးစွဲနေမှုနှင့် ရေဖူလုံမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်လိုသည့် လုပ်ငန်းကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းရှင်းလင်းကြကာ ကျေးလက်ဦးစီး ဌာနမှ ဆောင်ရွက်နေသည့် ရေကောင်းရေသန့် ရယူသုံးစွဲနိုင်ရေးအတွက် ရှင်းလင်းပြောကြားသည်။  

                          
 အောင်လှဖြူ(ရမ်းဗြဲ)