
ပေကျင်း ဧပြီ ၁၂
တရုတ်နိုင်ငံအနှံ့အပြား၌ သဲမုန်တိုင်းအတွက် အပြာရောင်အဆင့် သတိပေးချက်ကို အမျိုးသားလေ့လာစောင့်ကြည့်ရေးအဖွဲ့က ဧပြီ ၁၂ ရက်မှ ၁၃ ရက်အထိ တိုးမြှင့်လိုက်ကြောင်း သိရသည်။
လေပြင်း တိုက်ခတ်မှုနှင့် သဲမုန်တိုင်း တိုက်ခတ်မှုသည် ရှင်ကျန်း၊ အတွင်းမွန်ဂိုလီးယား၊ ဂန်းစု၊ နင်းရှား၊ ရှန်းရှီး၊ ဟူပေး၊ လောင်နင်း၊ ပေကျင်း၊ ထျန်းကျင်း၊ ရှန်တုန်း၊ ဟီနန်၊ အန်ဟွေး၊ ကျန်းစု၊ ရှန်ဟိုင်းနှင့် ရှီကျန်း စသည့် ဒေသများအပါအဝင် တရုတ်နိုင်ငံ ဒေသအများအပြား၌ ဝင်ရောက် တိုက်ခတ်နိုင်ဖွယ်ရှိ ကြောင်း အဆိုပါဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။
ထို့ကြောင့် လေပြင်းတိုက်ခတ် မှုနှင့် သဲမုန်တိုင်း တိုက်ခတ်မှု အတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိရန် ပြည်သူများအား အကြံပြုထားကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် မိုးလေဝသ သတိပေးချက်စနစ် အတွက် အရောင်ဖြင့် ခွဲခြားသတ်မှတ်သည့် အဆင့် လေးဆင့်ရှိကာ အနီရောင် သည် အပြင်းထန်ဆုံး သတိပေး ချက်ကို ကိုယ်စားပြုပြီး ၎င်းနောက် တွင် လိမ္မော်ရောင်၊ အဝါရောင် နှင့် အပြာရောင်အဆင့်ဟူ၍ ရှိကြောင်း သိရသည်။
ဆင်ဟွာ