အာဖရိက လေးနိုင်ငံသို့ အလည်အပတ်ခရီးသွားရန် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ စီစဉ်နေ

 

တိုကျို    ဧပြီ    ၁၂


ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ သည်  ဧပြီလနှောင်းပိုင်းမှ မေလ အစောပိုင်းအထိ   အားလပ်ရက် ကာလအတွင်း       အာဖရိက လေးနိုင်ငံသို့ အလည်အပတ် ခရီး သွားရောက်ရန် စီစဉ်နေကြောင်း သိရသည်။ 

 


ဝန်ကြီးချုပ် ကီရှီဒါအနေဖြင့် မေလတွင် ဟီရိုရှီးမား၌ ပြုလုပ် မည့်   ဂျီ - ၇  ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ အာဖရိကရှိ အီဂျစ်၊ ဂါနာ၊ ကင်ညာနှင့် မိုဇမ်ဘစ်နိုင်ငံတို့သို့ သွားရောက်ရန် စီစဉ်ထားကြောင်း ဧပြီ ၁၁ ရက်တွင်   အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မာဆူနို ဟိရိုကာဇူ က ပြောသည်။ 

 


၎င်းသည် အာဖရိကနိုင်ငံများ နှင့်  တွေ့ဆုံစဉ်အတွင်း ကမ္ဘာလုံး ဆိုင်ရာ ကိစ္စရပ်များအား ဖြေရှင်း ရာတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးသွားရန် ရည်ရွယ်ထား ကြောင်း  သိရသည်။ ထို့အပြင် ကီရှီဒါသည်    ဖွံ့ဖြိုးဆဲ၊   ဖွံ့ဖြိုးစ နိုင်ငံများနှင့်      ဆက်ဆံရေးကို အားကောင်း    ခိုင်မာလာစေရန် ယခုခရီးစဉ်က ကူညီပေးနိုင်မည် ဟုလည်း မျှော်လင့်ထားသည်။ 

 


ဂျပန်နိုင်ငံ        အနေဖြင့် အာဖရိကတွင်      စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု       အတွက် မိတ်ဖက်နိုင်ငံ   တစ်နိုင်ငံအဖြစ် ဆောင်ရွက်သွားရန် ရည်ရွယ်ထား ကြောင်း     ၎င်းက    ဖြည့်စွက် ပြောသည်။                        

အင်န်အိတ်ချ်ကေ