အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ စုပေါင်း၍ ခိုလမ်မြို့ရှိ သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူ

 

နေပြည်တော်   ဧပြီ   ၁၂


အရှေ့အလယ်ပိုင်းတိုင်း  စစ်ဌာန ချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ စုပေါင်း၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ သံဃာ တော်များအား   ဆွမ်းဆန်တော် လောင်းလှူပွဲကို   ယနေ့  နံနက် ပိုင်းတွင်     တိုင်းစစ်ဌာနချုပ်ရှိ   မဟာသန္တရံသီ      စေတီတော် မြတ်ကြီး၌   ပြုလုပ်ရာ တိုင်းမှူး     ဗိုလ်ချုပ်      မျိုးမင်းထွန်းနှင့်  အရာရှိ၊   စစ်သည်၊    မိသားစုဝင် များက ဆက်ကပ် လောင်းလှူကြ သည်။

 


ထိုသို့     လှူဒါန်းလျက်ရှိရာ တိုင်းမှူးနှင့်   အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက        ခိုလမ်မြို့ ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်    ၁၁၅  ပါးတို့အား ဆွမ်းဆန်တော်နှင့်    လှူဖွယ် ပစ္စည်းများကို  ဆက်ကပ်လောင်း လှူခဲ့ကြကြောင်း     သတင်းရရှိ သည်။


သတင်းစဉ်