ကျောက်ဖြူမြို့၌ သံလွင်ချောင်းဖြတ် “မေတ္တာပေါင်းကူး” တံတားဖွင့်လှစ်

 

ကျောက်ဖြူ    ဧပြီ   ၁၂


၁၃၈၄   ခုနှစ်   မဟာသင်္ကြန်ပွဲတော်ကို    ကြိုဆိုသောအားဖြင့် ရခိုင် ပြည်နယ်  ကျောက်ဖြူမြို့နယ်  ဂုံးချွိန်ကျေးရွာ  နတ်ကျောက်ဘေး သံလွင်ချောင်းပေါ်ရှိ    မေတ္တာပေါင်းကူးတံတားကို    ယနေ့နံနက်ပိုင်း က ဖွင့်လှစ်ရာ ပြည်တော်စည်ကုမ္ပဏီမှ တာဝန်ရှိသူများက တံတား အား     ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး     အမွှေးနံ့သာရည်ဖြင့်     ပက်ဖျန်းခဲ့ ကြသည်။  

 


အဆိုပါ တံတားကို သင်္ကြန်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူးများနှင့် သင်္ကြန်ရေကစားသူများ ကျောက်ဖြူမြို့၏ သမိုင်းဝင် ကျောက်တစ်လုံး ဘုရားဖူးပြီးနောက် နတ်ကျောက်အနီး ပင်လယ် ကမ်းခြေတစ်လျှောက်  လာရောက်အနားယူနိုင်စေရန်  ရည်ရွယ်ကာ  တည်ဆောက်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

 


မေတ္တာပေါင်းကူးတံတားသည်  အလျား ပေ ၁၁၀၊ အနံ ၁၀ ပေ၊ အမြင့်  ၁၅  ပေ ရှိသော  သံကူကွန်ကရစ်၊  သစ်သားတံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။


ဖြိုးဝေလင်း