ညောင်ဦးမြို့နယ်၌ သောက်သုံးရေ ဂါလန် ၁၆၀၀ လှူဒါန်း

 

ညောင်ဦး    ဧပြီ    ၁၂


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စုအတွင်း မန်ကျည်း တန်းတဲတိုက်သို့    ဝေမျှခြင်း    ပရဟိတမိသားစုက   ဧပြီ   ၁၂   ရက်   နံနက် ၁၁ နာရီအချိန်တွင် သောက်သုံးရေဂါလန် ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦး မြို့နယ် အေးမေတ္တာရေအလှူတော်အသင်း တာဝန်ရှိသူများထံမှ သိရသည်။

 


ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော် ကြီးကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်း က သွားရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း တောင်ဇင်းအုပ်စု မန်ကျည်း တန်းတဲတိုက်သို့ ဝေမျှခြင်းမိသားစုကသောက်သုံးရေ ဂါလန် ၁၆၀၀ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။                  

 

ဒီပါလင်း