ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ထားမှု ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   ဧပြီ   ၁၂


ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက် ၈ နာရီက ဒဂုံမြို့နယ်    ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ရေသဘင် ပွဲတော်အတွက် ပြင်ဆင်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး  ပြည်သူများ ပျော်ရွှင်စွာ    ပါဝင်ဆင်နွှဲစေရေး အသိပေးနှိုးဆော်ရန်နှင့် လုံခြုံရေး ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။

 


ထိုမှတစ်ဆင့်   မြို့တော်ဝန် သည်    မွန်းလွဲ   ၁   နာရီတွင် ဗိုလ်တထောင်မြို့နယ် ကုန်သည် လမ်းရှိ  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ  ၁၂  ထပ် ခွဲရုံး     အစည်းအဝေးခန်းမ၌ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ဌာနအသီးသီးမှ အရာထမ်းများနှင့် တွေ့ဆုံကာ     ရန်ကုန်မြို့တော် ခန်းမ၌ ရှေးအစဉ်အလာနှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှု   မဟာ သင်္ကြန်ရေသဘင်ပွဲတော် ကျင်းပ မည့်အပြင်   မဟာဗန္ဓုလပန်းခြံ လမ်းတွင် လမ်းလျှောက်သင်္ကြန် နှင့် ပြည်သူ့ရင်ပြင်တွင် ဖျော်ဖြေမှု၊ ရေပက်ကစားမှုနှင့် လမ်းလျှောက် သင်္ကြန်တို့ကိုပါ စီစဉ်ဆောင်ရွက် ပြီးဖြစ်၍ အရာထမ်း၊ အမှုထမ်း များအနေဖြင့်   ပြည်သူများနှင့် အတူ   ပျော်ရွှင်စွာ   ပါဝင်ဆင်နွှဲ ကြရန်၊ ပွဲတော်အတွက် လုပ်ငန်း ကဏ္ဍအသီးသီးတွင်   တာဝန်ယူ ရသူများအနေဖြင့်လည်း ပွဲတော် အောင်မြင်စွာ      ကျင်းပနိုင်ရေး အဘက်ဘက်မှ လစ်ဟင်းမှုမရှိစေ ရန်  စေတနာထားပြီး လုပ်ဆောင် ကြရန်၊ သင်္ကြန်ပွဲတော်ပြီးဆုံးပါက ၂၀၂၃ - ၂၀၂၄   ဘဏ္ဍာရေးနှစ် လုပ်ငန်း      ရည်မှန်းချက်များ အကောင်အထည်ဖော်ရမည်ဖြစ် ၍    လုပ်ငန်းများ   အဆင်ပြေ ချောမွေ့အောင်မြင်စေရေး ဆောင် ရွက်ကြရန်နှင့်     ယခုကာလ ကော်မတီ၏  အဓိကတာဝန်ကြီး များဖြစ်သော         ရေစီးရေလာ ကောင်းမွန်စေရေး၊      သန့်ရှင်း သာယာသပ်ရပ်ရေး၊    ရေပေးဝေ ရေးနှင့်        ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း     ကောင်းမွန်စေ ရေးလုပ်ငန်းများတွင်    အားလုံး ပူးပေါင်း    ဆောင်ရွက်ကြရန် တိုက်တွန်း    မှာကြားပြီး လိုအပ်သည်များ    ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း     သိရ သည်။


သတင်းစဉ်