နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အတွင်းရှိ ရေကစားမဏ္ဍပ်များနှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန် ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

 

နေပြည်တော်   ဧပြီ   ၁၂    

 

၂၀၂၃  ခုနှစ်   မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေး မှု   အတာသင်္ကြန်ကာလအတွင်း ပြည်ထောင်စုနယ်မြေ  နေပြည် တော်ရှိ   ဝန်ထမ်းများ၊  ဝန်ထမ်း မိသားစုများ၊           ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ စွာဖြင့် ရေသဘင်ပွဲတော်ကို ပါဝင် ဆင်နွှဲနိုင်ရန်အတွက် ရည်ရွယ်၍ နေပြည်တော်မြို့တော်ဝန် မဟာ သင်္ကြန်မဏ္ဍပ်၊   ရေကစားမဏ္ဍပ် အပါအဝင်        နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို  ခမ်းခမ်း နားနား   ခေတ်နှင့်အညီ  စည်ကား သိုက်မြိုက်စွာ    ကျင်းပသွားမည် ဖြစ်ရာ ယနေ့နံနက်  ၉  နာရီတွင် နေပြည်တော်မြို့တော်ဝန် မဟာ သင်္ကြန်မဏ္ဍပ်        ဖွင့်ပွဲအခမ်း အနား    အစမ်းလေ့ကျင့်နေမှုကို နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊   နေပြည် တော်         စည်ပင်သာယာရေး ကော်မတီ   အမြဲတမ်းအတွင်းဝန် နှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ    ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများကို       မှာကြားသည်။

 


ထို့နောက်     နေပြည်တော် ကောင်စီဥက္ကဋ္ဌ   ဦးတင်ဦးလွင်နှင့် အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော် ရေပန်းဥယျာဉ် အတွင်း   ပြည်သူများ  စိတ်အေး ချမ်းသာပျော်ရွှင်စွာ   အပန်းဖြေ နိုင်ရန်အတွက်   စီစဉ်ဆောင်ရွက် ထားရှိမှု၊         နေပြည်တော် လမ်းလျှောက်      သင်္ကြန်အတွင်း ဝန်ကြီးဌာနမဏ္ဍပ်များ    ပြင်ဆင် ဆောင်ရွက်နေမှု၊       ပျဉ်းမနား မြို့နယ်   PNPT  Sport  Farm အတွင်း ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုနှင့် နေပြည်တော် ဘူတာကြီးအတွင်းရှိ ပို့ဆောင်ရေး နှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်  ကြိုတင်ပြင်ဆင် နေမှုတို့ကို    လှည့်လည်ကြည့်ရှု အားပေးသည်။

 


ပြည်ထောင်စု      နယ်မြေ နေပြည်တော်တွင်    နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် ဝန်ကြီး ဌာနအလိုက်   မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်များ၊ တိုင်းရင်းသား ရိုးရာသင်္ကြန်မဏ္ဍပ်များတွင်  နိုင်ငံ ကျော်       သရုပ်ဆောင်များ၊ အဆိုတော်များ၏   တေးသီချင်း ဖျော်ဖြေမှုများနှင့်   ဝန်ကြီးဌာန များမှ   ယိမ်းအကအဖွဲ့များဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုခံစားပြီး ပျော်ရွှင်စွာ  ရေကစားနိုင်သည့် အပြင် လူငယ်   Game  သင်္ကြန်၊ သနပ်ခါးသင်္ကြန်     စသည်ဖြင့် ကလေး၊   လူငယ်၊   လူကြီးများ အားလုံးပျော်ရွှင်စေရန်  ကဏ္ဍများ စွာပါဝင်ပြီး စတုဒိသာမဏ္ဍပ်များ ဖြင့် ကျွေးမွေးဧည့်ခံကာ စည်ကား သိုက်မြိုက်စွာ  ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်