နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နေပြည်တော်လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဧပြီ   ၁၂


ပြည်ထောင်စုနယ်မြေ    နေပြည် တော်ရှိ  ဝန်ထမ်းများ၊   ဝန်ထမ်း မိသားစုများ၊ ပြည်သူများအားလုံး ၂၀၂၃    ခုနှစ်   မြန်မာ့ရိုးရာ  အတာ သင်္ကြန်ပွဲတော်     ကာလအတွင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ခေတ်နှင့် အညီ ပျော်ရွှင်စွာဆင်နွှဲနိုင်စေရန် ရည်ရွယ်၍   နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို နေပြည် တော်မြို့တော်ဝန်   မဟာသင်္ကြန် မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံအထိ ဧရိယာသတ်မှတ်၍ စည်ကားသိုက်မြိုက်စွာ   ကျင်းပ သွားမည်ဖြစ်သည်။

 


ထို့ကြောင့်  ဧပြီ   ၁၃    ရက် သင်္ကြန်အကြိုနေ့တွင်      စတင် ဖွင့်လှစ်မည့်      နေပြည်တော် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်း အနားအပါအဝင်     ပြည်သူများ ပျော်ရွှင်စွာ ရေပက်ကစားနိုင်စေ ရန်အတွက်         ဝန်ကြီးဌာနများ အလိုက်      သင်္ကြန်မဏ္ဍပ်များ၊ သင်္ကြန်ဇုန်များ       သတ်မှတ်၍ ထူးခြားသော  အစီအစဉ်ကောင်း များကိုလည်း    စနစ်တကျနှင့် အဆင်သင့်     ဖြစ်စေရေးအတွက် တာဝန်ရှိသူများက       မိမိတို့ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်လျက်ရှိကြသည်။

 


ကြည့်ရှုစစ်ဆေး


နိုင်ငံတော်   စီမံအုပ်ချုပ်ရေး ကောင်စီဝင်   ဒုတိယဝန်ကြီးချုပ် နှင့်     ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပရေး ကော်မတီ  ဥက္ကဋ္ဌ  ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ   မြို့တော်ဝန် ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ သည်   ယနေ့  ညနေပိုင်းတွင် နေပြည်တော်     လမ်းလျှောက် သင်္ကြန်ဖွင့်ပွဲအခမ်းအနား အောင် မြင်စွာ  ကျင်းပနိုင်ရန်နှင့်  သင်္ကြန် ဇုန်များအလိုက် ဖျော်ဖြေရေးအစီ အစဉ်များ    စနစ်တကျရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

 


သံပြိုင်ညီညာကပြဖျော်ဖြေ


ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စု ဝန်ကြီး    ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ ဦးတင်ဦးလွင်တို့သည်  နေပြည် တော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားတွင်   နေပြည်တော် လမ်းလျှောက်သင်္ကြန်  မုခ်ဦးအား စနစ်တကျ  ဖဲကြိုးဖြတ်ဖွင့်လှစ် နိုင်ရန်နှင့် ဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအကအဖွဲ့များက  သင်္ကြန်မိုး သီချင်းဖြင့်    သံပြိုင်ညီညာကပြ ဖျော်ဖြေမှုများကို ကြည့်ရှုစစ်ဆေး ကြသည်။

 


အပြန်အလှန် ရေပက်ကစား


ထို့နောက်    လမ်းလျှောက် သင်္ကြန် ဧရိယာအတွင်းရှိ မြန်မာ့ ရိုးရာ   မဟာသင်္ကြန်မဏ္ဍပ်များ၊ တိုင်းရင်းသားရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ် ၌ ဝန်ကြီးဌာနအလိုက် ယိမ်းအဖွဲ့ များက     ယိမ်းအလှအကများ၊ တေးသံရှင်များက     သင်္ကြန် တေး သီချင်းများ၊    မြိုင်မြိုင်ဆိုင်ဆိုင် အပြန်အလှန် ရေပက်ကစားမှုများ ကို ကြည့်ရှုစစ်ဆေးကြသည်။

 


ယင်းနောက် သင်္ကြန်ဇုန်လေး ဇုန်ဖြစ်သည့် သနပ်ခါး သင်္ကြန်ဇုန် ၌    ပြည်သူများ    မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြယ်၍     ရေပက် ကစားနိုင်ရန်   ဆောင်ရွက်ထားရှိ မှု၊     တိုင်းရင်းသားသင်္ကြန်ဇုန်၌ တိုင်းရင်းသားမောင်မယ်များနှင့် အတူ ပျော်ရွှင်စွာ သင်္ကြန်ပွဲဆင်နွှဲ နိုင်ရန် ဆောင်ရွက်ထားမှု၊ အလှပြ ဖျော်ဖြေရေးဇုန်၌ ခေတ်မီဆန်းသစ် သည့် ဖျော်ဖြေရေးအစီအစဉ်များ၊ ခေတ်အလိုက် အလှပြယာဉ်များ ဖြင့် သင်္ကြန်ပွဲဆင်နွှဲခဲ့မှု သရုပ်ဖော် ပြကွက် နှင့် လူငယ်ဂိမ်းသင်္ကြန်ဇုန်ရှိ ခေတ်မီ Color Party ၊ Foam Party နှင့် Game Show အစီအစဉ် များ   ဆောင်ရွက်ထားမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ 

 

သတင်းစဉ်