
မြစ်ကြီးနား ဧပြီ ၁၂
၁၃၈၄ ခုနှစ် မြန်မာရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီး နားမြို့၌ ခမ်းခမ်းနားနားဖြင့် ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်စီမံဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၂ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၌ လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ရေကစား မဏ္ဍပ်များ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်း၊ အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ တည်ဆောက်ထားသည့် ဗဟိုမဏ္ဍပ်တည်ဆောက် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ဆွမ်ပရာဘွမ်လမ်းမတစ်လျှောက် ပြည်ထောင်စုလမ်းဆုံမီးပွိုင့်မှ ဆမားလမ်းဆုံ ကျောက်စိမ်းတုံးမီးပွိုင့်အထိ ပေ ၇၀၀ အတွင်း လမ်းလျှောက်သင်္ကြန်အတွက် ပုသိမ်ထီးများအလှဆင် ဆောင်ရွက်ထားရှိမှု၊ ရေပိုက်များသွယ်တန်းထားရှိမှု၊ လောင်းလှေကြီးများ၊ နံ့သာမဏ္ဍပ်နှင့် စတုဒိသာ မဏ္ဍပ်များ ဆောင်ရွက်ထားရှိမှုနှင့် ဆမားလမ်းမ တစ်လျှောက် ဒေသခံစီးပွားရေးလုပ်ငန်းရှင် အစုအဖွဲ့ များ၏ ရေကစားမဏ္ဍပ်ခြောက်ခု တည်ဆောက်ပြီးစီး မှုနှင့် အလှဆင်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး ရေကစားမဏ္ဍပ်များ ရေပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ပြည်သူများ ပျော်ရွှင်စွာရေကစား နိုင်ရေးနှင့် စတုဒိသာဧည့်ခံကျွေးမွေးနိုင်ရေး လိုအပ် သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားပြည်သူ့ဆေးရုံ သွေးလှူဘဏ်ဌာန၌ မဟာသင်္ကြန်နှစ်သစ်ကူးအကြို စေတနာ့သွေးသန့် သွေးလှူရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် စေတနာ့သွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်၊ ဆေးရုံအုပ်ကြီး နှင့် တာဝန်ရှိသူများနှင့်အတူ စေတနာ့သွေးအလှူရှင် များ စုပေါင်းသွေးလှူဒါန်းနေမှုကို အားပေးကြည့်ရှုခဲ့ ကြပြီး ဂုဏ်ပြုငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ သမိဒ္ဓေါဒယသီလရှင်ကျောင်း တိုက်၌ သီလရှင်ဝတ်ပွဲနှင့် ယဉ်ကျေးလိမ္မာဖွင့်ပွဲသို့ တက်ရောက်ပြီး ကျောင်းဝင်းအတွင်း၌ ဒေသခံ ပြည်သူများနှင့်အတူ ပင့်သံဃာတော်များ၊ သီလရှင် ဆရာကြီးများနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်း၊ ဆေးဝါးများ၊ လှူဖွယ်ပစ္စည်းများကို လောင်းလှူ ကြသည်။
ပြည်နယ်(ပြန်/ဆက်)