
ပဲခူး ဧပြီ ၁၂
ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော် ရှင် မဟာစေတီတော်မြတ်ကြီး အား သံဃာအပါး ၁၀၀၀ ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း နှင့် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆုတောင်းပြည့် စွယ်တော်ရှင် မဟာစေတီတော် မြတ်ကြီး အလယ်ပစ္စယံ၌ ဗုဒ္ဓါ ဘိသေက အနေကဇာတင်ခြင်း မင်္ဂလာ အခမ်းအနားကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများ နှင့် ပင့်သံဃာအပါး ၁၀၀၀ တို့မှ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ကြသည်။
ထို့နောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသ ကြီး တရားလွှတ်တော် တရား သူကြီးချုပ် ဒေါ်လွင်လွင်အေး ကျော်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ နှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသ ကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ အလှူရှင်များမှ သံဃာအပါး ၁၀၀၀ နှင့် သီလရှင်အပါး ၁၀၀ တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော် ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ် အပေါင်းက နိုင်ငံတော်ဩဝါဒါစရိယ ပဲခူးမြို့ မြို့မစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပဲခူးမြို့ ကြခတ် ဝိုင်း စာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှ အတမ်းပေးဝေခဲ့ကြပြီး ဩဝါဒါ စရိယ ဆရာတော်ကြီးများ၊ ကျောင်းတိုက်အသီးသီးမှ သံဃာ တော်အပါး ၁၀၀၀ နှင့် သီလရှင် အပါး ၁၀၀ တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရ သည်။
တင်စိုး(ပဲခူး)