သီတာရေခင်း မြန်မာ့စိတ်ရင်း

 

သီတာရေခင်း မြန်မာ့စိတ်ရင်း

 

k    ရွက်ဝါကကြွေ    လေကပွေ၍
    နွေပီကာလ   ခါသမယ
    စမည်နှစ်သစ်   မကြာဖြစ်သည်
    ချစ်သောအတာ   တို့မြန်မာ။
k    ပိတောက်တွေဖူး   ရွှေရည်လူး၍
    ထူးသောသင်္ကြန်   သူဝန်းရံကာ
    မှန်ပင်ရောက်မြဲ   ပါဝင်နွှဲ။
k    ရေ၏သဘော   ကြည်လင်နှောမို့
    မောသမျှစင်   စိတ်မှာရွှင်၏ 
    တင်လာညစ်ကြေး   သန့်စင်ပေး၏
    အေးသောသတ္တိ   ပင်ကိုရှိ၏။
k    အဝါအစိမ်း   ပိတောက်ကိန်းလို
    သိန်းသန်းပြည်သူ   ငြိမ်းချမ်းယူလျက်
    တူညီလျှောက်တွဲ   သာသည့်ပွဲကို
    နွှဲကြည်ပျော်စွာ   လျှောက်ကြပါ။
k    ကျန်ခဲ့နှစ်ဟောင်း   အဖြစ်ကောင်းကို
    ဆောင်းကာသယ်ပိုး   ပြည်အကျိုး။
k    လွန်ပြီးနှစ်မျိုး   အဖြစ်ဆိုးကို
    ထိုးနှိမ်ဖျက်သိမ်း   ပြည့်ရန်ငြိမ်း။
k    ကမ္ဘာ့အလယ်   မြန်မာ့နယ်သည်
    ထည်ဝါဂုဏ်မြတ်   ကောင်းခြင်းထပ်အောင်
    နပ်ပါးသလေ   ဉာဏ်မျက်ရှည်ဖြင့်
    စေတနာသိ   ဇွဲအရှိနှင့်
    သုတိဝေဖြာ   သင်္ကြန်ခါတွင်
    သီတာရေခင်း   မြန်မာ့စိတ်ရင်း။        ။
ညိုဝင်း(ချစ်မြေ)