ရေဖြူမြို့နယ် ရာဖူး - သဲချောင်းကျေးရွာချင်းဆက် မြေသားလမ်း ၅ မိုင် ဖောက်လုပ်ခြင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

 

ထားဝယ်   ဧပြီ   ၁၂


နယ်စပ်ရေးရာဝန်ကြီးဌာန  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည်  နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍများ  ကောင်းမွန်စေရေးအတွက်  စဉ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိရာ  တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်ခရိုင်  ရေဖြူမြို့နယ်    ရာဖူး - သဲချောင်းကျေးရွာချင်းဆက်   မြေသားလမ်း  ၅ မိုင်   ဖောက်လုပ်ခြင်းလုပ်ငန်း   ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 


နယ်စပ်ရေးရာဝန်ကြီးဌာန  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ   ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏  ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး  ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၄၄ ဒသမ ၆၁၅  သန်းဖြင့်  Apex Queen  ကုမ္ပဏီမှ  တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၂၂ ခုနှစ်  ဇွန်လတွင်   လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ရာ  ရေဖြူမြို့နယ်၊    ရာဖူး - သဲချောင်း ကျေးရွာချင်းဆက်မြေသားလမ်း  ၅  မိုင်နှင့် ၎င်းလမ်း ပေါ်ရှိ  ၅  ပေ Box Culvert  ၅ စင်း  တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

 


အဆိုပါ ရာဖူး - သဲချောင်း ကျေးရွာချင်းဆက်မြေသားလမ်းပေါ်ရှိ ကျေးရွာ ၈ ရွာ၊ အိမ်ခြေ ၆၇၁ အိမ်၊ လူဦးရေ ၃၁၃၀  အား  များစွာ အကျိုးပြုသည့် လမ်းပိုင်းဖြစ်သည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊   ပညာရေးလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်လာကာ  လူနေမှုအဆင့်အတန်း များ ပိုမိုမြင့်မားလာ၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။  

ငွေဇင်ယော်(ထားဝယ်)