စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   ဧပြီ    ၆


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း   ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သည်  ယနေ့တွင်    စစ်ကိုင်းမြို့   ရာဇာမဏိစူဠာကောင်းမှု  တော်စေတီဝတ္တကမြေ၌ အခြေပြု၍ စစ်ကိုင်းမြို့ပေါ်  ရပ်ကွက်များနှင့်          ပတ်ဝန်းကျင်ကျေးရွာများမှ  သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၅၃၁ ဦးတို့ကို    ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 


ထိုသို့      ဆောင်ရွက်ပေးရာတွင်    ဆေးကုသမှု ဆိုင်ရာရောဂါ ၁၆၉ ဦး၊ ခွဲစိတ်ရောဂါ ၂၅ ဦး၊ ကလေး ရောဂါ ၅၀၊ သားဖွားမီးယပ်ရောဂါ ၂၀၊   အရိုးရောဂါ  ၃၂ ဦး၊   နား၊    နှာခေါင်း၊    လည်ချောင်းရောဂါ   ၃၀၊ မျက်စိရောဂါ ၁၆၄ ဦး၊ သွားရောဂါ ၃၃ ဦးနှင့် အခြား ရောဂါ ၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်  လူနာ ၄ ဦးနှင့်     မျက်စိခွဲစိတ်လူနာ     ရှစ်ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများဆောင်ရွက်  ပေးသည်။    ထို့ပြင်   ဓာတ်မှန်ရိုက်   လူနာ ၆၁ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၂ ဦး၊ ECG စက်ဖြင့်    နှလုံးစမ်းသပ်လူနာ  ၇၈ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၃၇၈  ဦးတို့ကို  ရွေ့လျားဓာတ်မှန်ရိုက် ယာဉ်နှင့်   ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့်  ရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး သည့်အပြင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့်   ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး     ထပ်ဆောင်း ထိုးနှံရန်လိုအပ်သူ    ၁၀၆ ဦးအား  ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်    လိုအပ်သူနှစ်ဦးအား နီးစပ်ရာတပ်မတော်ဆေးရုံများသို့  တက်ရောက်ကုသ နိုင်ရေး      စီစဉ်ဆောင်ရွက်ပေးသည်။    

 


ထို့နောက်    ဆေးကုသမှုခံယူနေသည့်     ဒေသခံ ပြည်သူ များ စားသောက်ရေးအဆင်ပြေစေရန်အတွက်   တာဝန်ရှိသူများနှင့်   ဒေသခံစေတနာရှင်  ပြည်သူများ က နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။

 


ယင်းသို့    ဆောင်ရွက်ပေးနေမှုများကို   တိုင်း ဒေသကြီး    ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်   စစ်ကိုင်း တပ်နယ်မှ  တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ  ပေးအပ်သည်။

 


ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းစစ် ဌာနချုပ်မှ တာဝန်ရှိသူများက တပ်မတော်နယ်လှည့်  အထူးကုဆေးအဖွဲ့သို့ ဂုဏ်ပြုငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သတင်း ရရှိသည်။     

                  
သတင်းစဉ်