အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲကျင်းပ

 

နေပြည်တော်     ဧပြီ    ၆


အဂတိလိုက်စားမှု  တိုက်ဖျက်ရေး ကော်မရှင်   အင်္ဂလိပ်စာ   အခြေခံ သင်တန်း    အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲ     အခမ်းအနား ကို   ယနေ့  နံနက်   ၉  နာရီခွဲတွင်  နေပြည်တော်ရှိ  အဆိုပါကော်မရှင် ရုံး    စုပေါင်းခန်းမ၌      ကျင်းပ သည်။

 


သင်တန်းဆင်းပွဲတွင်  အဂတိ လိုက်စားမှုတိုက်ဖျက်ရေး   ကော် မရှင် ဥက္ကဋ္ဌ  ဒေါက်တာ ဌေးအောင်  က  ကော်မရှင်အနေဖြင့် ဝန်ထမ်း များအတွက်   လိုအပ်သည့်    စွမ်း ဆောင်ရည်မြှင့်တင်ရေး  သင်တန်း များကို အခါအားလျော်စွာ ဖွင့်လှစ် ပေးလျက်ရှိကြောင်း၊  ဝန်ထမ်းများ အနေဖြင့်     ကြိုးစားသင်ယူကြ ပြီး         ပြန်လည်အသုံးချကြရန်  လိုကြောင်း၊         ပညာရပ်တစ်ခုကို လေ့လာရာတွင်  သင်တန်းကာလ အတွင်း တာဝန်ကျေ  သင်ယူလေ့ လာခြင်းမျိုးမဟုတ်ဘဲ ကိုယ်တိုင်  တတ်သိလိုစိတ်ဖြင့်     ကြိုးစား လေ့လာကြရန်       လိုကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်  ရာတွင်လည်း ကော်မရှင်ကျင့်ဝတ် နှင့်အညီ  ထမ်းဆောင်ကြရန်နှင့် ကော်မရှင်၏    အဓိကတာဝန်မှာ သန့်ရှင်းသောအစိုးရ၊  ကောင်းမွန် သောအုပ်ချုပ်မှုစနစ်  ဖြစ်ပေါ်စေ ရေးဖြစ်သည့်အတွက်  ကောင်းမွန် သည့်  အရွေ့တစ်ခုဖြစ်ပေါ်စေရေး  လုံ့လဝီရိယထား      ကြိုးပမ်း အားထုတ်သွားကြရန်  တိုက်တွန်း ပါကြောင်း ပြောကြားသည်။

 


ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက သင်တန်းတွင် ပထမဆု၊ ဒုတိယ ဆု၊ တတိယဆုများ ရရှိခဲ့သူများကို ဂုဏ်ပြုဆုများချီးမြှင့်ပြီး သင်တန်း သားများကို         သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။    

          
 သတင်းစဉ်