မွန်ဂိုလီးယားနိုင်ငံ၌ နှင်းမုန်တိုင်းနှင့် သဲမုန်တိုင်းများတိုက်ခတ်

 

အူလန်ဘာတော   ဧပြီ   ၁


မွန်ဂိုလီးယားနိုင်ငံ      မြို့တော်အူလန်ဘာတောနှင့် တက်ဗ်ပြည်နယ်အပါအဝင် အလယ်ပိုင်းဒေသများ တွင် နှင်းမုန်တိုင်းတိုက်ခတ်လျက်ရှိပြီး ဂိုဘီဒေသ တောင်ပိုင်းနှင့် အရှေ့ပိုင်းပြည်နယ်များတွင် လေပြင်း နှင့်  သဲမုန်တိုင်းများ  တိုက်ခတ်နေကြောင်း  မွန်ဂို လီးယား မိုးလေဝသအေဂျင်စီက ဧပြီ ၁ ရက်တွင် ထုတ်ပြန်သည်။

 


ယခုသီတင်းပတ်ကုန်အတွင်း       ရာသီဥတု မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်မည်ဟု ခန့်မှန်း ထားကြောင်း၊ အထူးသဖြင့် ပြည်သူများ၊ အိမ်ခြေရာမဲ့ များနှင့် ယာဉ်မောင်းများအနေဖြင့် ဘေးအန္တရာယ် ဆိုင်ရာ ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန် တိုက်တွန်းထားကြောင်း အေဂျင်စီက ပြောကြား သည်။

 


မွန်ဂိုလီးယားနိုင်ငံ၏ ဒေသကြီးများတွင် လာမည့် ရက်များအတွင်း အအေးလွန်ကဲသည့် ရာသီဥတုများ ဖြစ်လာမည်ဟု ခန့်မှန်းထားကြောင်း၊ မြောက်ပိုင်းနှင့် အနောက်ပိုင်း ပြည်နယ်များတွင်လည်း ညအပူချိန်မှာ အနုတ်   ၃၀   ဒီဂရီစင်တီဂရိတ်သို့  ကျဆင်းမည်ဟု  ခန့်မှန်းထားကြောင်း အေဂျင်စီက ဆက်လက်ပြောဆို သည်။   မွန်ဂိုလီးယားနိုင်ငံသည်  နွေရာသီအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ နှင်းမုန်တိုင်းနှင့် သဲမုန်တိုင်း တိုက်ခတ်ခြင်းတို့ကြောင့်    ဆိုးရွားသည့်   ရာသီဥတု အခြေအနေများကို ရင်ဆိုင်ရလေ့ရှိသည်။ 


ဆင်ဟွာ