
နယူးဒေလီ ဧပြီ ၁
အိန္ဒိယနိုင်ငံ၏ ဒေသအများစုတွင် ဧပြီလမှ ဇွန်လ အထိ ပုံမှန်အပူချိန်ထက် အမြင့်ဆုံးအပူချိန်ကို ကြုံတွေ့ရဖွယ်ရှိကြောင်း အိန္ဒိယမိုးလေဝသဌာနက ဧပြီ ၁ ရက်တွင် ပြောကြားသည်။
၂၀၂၃ ခုနှစ် ပူပြင်းသောရာသီ (ဧပြီမှ ဇွန်လ) အတွင်း အိန္ဒိယနိုင်ငံ၏ ဒေသအများစုသည် အိန္ဒိယ ကျွန်းဆွယ်တောင်ပိုင်းနှင့် အိန္ဒိယနိုင်ငံ အနောက် မြောက်ပိုင်းရှိ ဒေသအချို့မှလွဲ၍ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် ကျန်ဒေသအများစုတွင် ပုံမှန်အပူချိန် ထက် လွန်ကဲဖွယ်ရှိကြောင်း အိန္ဒိယမိုးလေဝသဌာန က ခန့်မှန်းထားသည်။
၂၀၂၃ ခုနှစ် ဧပြီလအတွင်း ဘီဟာ၊ ဂျဟာခန်၊ အရှေ့ဥတ္တာပရာဒက်ရှ်၊ ဥဒိဿ၊ အနောက်ဘင်္ဂလား ဂင်္ဂါလွင်ပြင်ဒေသ၊ မဟာရတ်ရှ်ထရာပြည်နယ် အနောက်ဘက်ခြမ်း၊ ဂူဂျာရတ်နှင့် အနောက် ဥတ္တာပရာဒက်ရှ်၊ ပန်ဂျပ်နှင့် ဟာရီယာနာပြည်နယ် များ၏ အချို့သောနေရာများတွင် သာမန်အပူချိန် ထက် လွန်ကဲမှုကို ခံစားရနိုင်ကြောင်း အိန္ဒိယမိုးလေ ဝသဌာနမှ ထုတ်ပြန်ထားသည်။
ဆင်ဟွာ