
ဖနောင်ပင် ဧပြီ ၁
ကမ္ဘောဒီးယားနိုင်ငံ၌ ယခုနှစ် ပထမသုံးလပတ် အတွင်း နိုင်ငံခြားသား ၆၇ ဦး အပါအဝင် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သော သံသယရှိသူ ၄၄၈၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဧပြီ ၁ ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
သံသယရှိသူများ၏ ၅၂ ရာခိုင်နှုန်းခန့်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ၊ ထုတ်လုပ်သူ၊ လက်ဝယ်ပိုင်ဆိုင်သူနှင့် သယ်ယူ ပို့ဆောင်သူများဖြစ်ပြီး ၄၈ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါး အသုံးပြုသူများဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း အဆိုပါသံသယရှိသူများထံမှ ဆေးခြောက် ၅ ဒသမ ၇ ကီလိုဂရမ်နှင့် ဆေးခြောက်ပင် ၂၃၀၂ ပင်အပါအဝင် တရားမဝင်မူးယစ်ဆေးဝါး စုစုပေါင်း ၂၄၀ ဒသမ ၈ ကီလိုဂရမ် သိမ်းဆည်း နိုင်ခဲ့သည်။
ထို့ပြင် လက်လုပ်ရိုင်ဖယ် ခြောက်လက်၊ ပစ္စတိုသေနတ် ၁၅ လက်၊ မော်တော်ယာဉ် ၄၂ စီး၊ ဆိုင်ကယ် ၃၅၈ စီး၊ တယ်လီဖုန်း ၁၂၉၉ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ဆင်ဟွာ