
မန္တလေး ဧပြီ ၁
လူငယ်ပန်းချီဆရာ လင်းလင်း (Artist LINN LINN) ၏ တစ်ကိုယ်တော်ပန်းချီပြပွဲကို ဧပြီ ၈ ရက်မှ ၁၂ ရက်အထိ မန္တလေးတောင် ပန်းချီပြခန်း၌ ကျင်းပ မည်ဖြစ်သည်။
ပန်းချီဆရာ လင်းလင်း၏ ပန်းချီသင် ဆရာများ မှာ ဆရာဦးသိန်းဝင်း နှင့် ဆရာ ဦးသက်လွင်တို့ဖြစ် သည်။
ပြသမည့် ပန်းချီကားအမျိုးအစားမှာ Acc/Camvas အမျိုးအစားဖြစ်ပြီး ပန်းချီကားပေါင်း ၇၀ ကျော် ပြသထားမည်ဖြစ်ကာ ပြပွဲမတိုင်မီ ပန်းချီဆရာ လင်းလင်း၏ ပန်းချီကားများ ဝယ်ယူအားပေးသူများ ရှိသည်ဟုလည်း သိရသည်။
ပြပွဲကို ဧပြီ ၈ ရက်မှ ၁၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၇ နာရီအထိ ပြသထားမည်ဖြစ်ရာ မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း သိရ သည်။
ခင်ခင်ဝင်း (ပညာရေး)