
နေပြည်တော် ဧပြီ ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ်၊ အားကစားနှင့် ကာယပညာကော်မတီမှ ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်း သရုပ်ပြလေ့ကျင့်မှုများကို စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား နွေရာသီအခြေခံ အားကစားသင်တန်း သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများက အလေးပြုကြ သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် နွေရာသီအခြေခံအားကစားသင်တန်းမှ သင်တန်းသား သင်တန်းသူများ၏ အားကစားနည်း တစ်ခုချင်းစီအလိုက် သရုပ်ပြသနေမှုများကို ကြည့်ရှု အားပေးသည်။
စားသောက်ဖွယ်ရာများပေးအပ်
သရုပ်ပြလေ့ကျင့်မှုများအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က သင်တန်းသား သင်တန်းသူများအတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ သင်တန်းသား ကိုယ်စားလှယ်နှစ်ဦးက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အားကစားကွင်း စနစ်တကျရှိစေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ရှိသူများကို လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အားကစားနည်း ၁၆ မျိုး
လေ့ကျင့်သင်ကြားပေး
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းကို လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ် ပိုမိုတိုးပွားလာခြင်းမှ တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ မိမိဝါသနာပါသည့် အားကစား နည်းကို လေ့ကျင့်လိုက်စားခြင်းမှ အမျိုးသား အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေ ရန်နှင့် ကျောင်းသား လူငယ်မောင်မယ်များအတွက် နွေရာသီ ကျောင်းပိတ်ရက်ကာလကို အကျိုးရှိရှိ အသုံးချနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် မတ် ၁ ရက်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး ဧပြီ ၅ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် အားကစားနည်း ၁၆ မျိုးကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းနှင့် သင်တန်း သား သင်တန်းသူ ၁၈၂၀ တက်ရောက်သင်ကြား လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်