နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများအဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဧပြီ    ၁ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများ အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား    စစ်တွေလေဆိပ်  ဧည့် ခန်းမဆောင်၌ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တာဝန်ရှိသူများက စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲလေယာဉ်ကွင်းများ၏ သမိုင်းအကျဉ်းနှင့်    လေယာဉ်ကွင်းဆိုင်ရာ   အချက် အလက်များ၊ လေယာဉ်များဆင်းသက်နိုင်မှု၊ လေဆိပ်  ဆိုင်ရာအချက်အလက်များ၊   လေဆိပ်အထောက် အကူပြုစက်ကိရိယာများနှင့် လေကြောင်းဆက်သွယ် ရေးစက်များ တပ်ဆင်ထားမှု၊ လုံခြုံရေးစက်ပစ္စည်း များ တပ်ဆင်ထားရှိမှု၊  လေယာဉ်ပြေးလမ်းများနှင့် လေဆိပ်များ တိုးချဲ့တည်ဆောက်ခြင်းနှင့် အဆင့်မြှင့် တင်မှုလုပ်ငန်းများ  အဆင့်လိုက်  ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့်    အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် လေယာဉ်ကွင်းများသို့ ရောက်ရှိစစ်ဆေး စဉ်     လမ်းညွှန်မှာကြားချက်များအပေါ်    အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

 


စနစ်တကျတည်ဆောက်ရန်လို


ရှင်းလင်းတင်ပြမှုများအပေါ်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လေယာဉ်ကွင်းများ တိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်မှု များ ဆောင်ရွက်ရာတွင် လေယာဉ်ပြေးလမ်းများကို ရေရှည်အတွက် မျှော်တွေးပြီး စနစ်တကျတွက်ချက် ဆောင်ရွက်ရန်လိုကြောင်း၊ လေယာဉ်ပြေးလမ်းများ တိုးချဲ့အဆင့်မြှင့်တင်ရာတွင် သတ်မှတ်စံချိန်စံညွှန်း နှင့် ကိုက်ညီမှုရှိအောင် တည်ဆောက်ရန်လိုကြောင်း၊ လေယာဉ်ရပ်နားရန်နေရာများ တည်ဆောက်ရာတွင် လည်း    စနစ်တကျတည်ဆောက်ရန်    လိုကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် နောင်အချိန်တွင် ဆိပ်ကမ်းစက်မှုလုပ်ငန်းများ       တိုးတက်လာပြီး ကုန်သွယ်မှုများပါ မြင့်တက်လာနိုင်ခြင်းကြောင့် နိုင်ငံ  ခြား   ခရီးသွားများလည်း  ပိုမိုဝင်ရောက်လာနိုင်ပြီး ကုန်တင်လေယာဉ်ကြီးများပါ     ဝင်ရောက်လာနိုင် သဖြင့်  လေယာဉ်ပြေးလမ်းတိုးချဲ့ရာ၌   ယင်းအတွက် လည်း မျှော်မှန်းဆောင်ရွက်သွားရန်လိုကြောင်း။

 


အဆင့်လိုက်ဦးစားပေးဆောင်ရွက်


စစ်တွေလေယာဉ်ကွင်းသည်      ပြည်နယ်၏ မြို့တော်ကွင်းဖြစ်ကြောင်း၊    ထို့ကြောင့်    A-320 ၊ B-737     စသည့်လေယာဉ်များ   ဆင်းသက်နိုင်မည့် လေယာဉ်ပြေးလမ်း   တိုးချဲ့ခြင်းနှင့်   လေဆိပ်တိုးချဲ့ အဆင့်မြှင့်တင်     ဆောင်ရွက်ခြင်းကို    အဆင့်လိုက် ဦးစားပေးအနေဖြင့်       ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ          သံတွဲလေယာဉ်ကွင်းသည်လည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများဝင်ရောက်မှုများပြားသည့်အတွက် ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည် အထိ မြှင့်တင်ဆောင်ရွက်ရန်လိုကြောင်း၊ အိမ်နီးချင်း နိုင်ငံများတွင် ပြည်တွင်းလေကြောင်း ပြေးဆွဲမှုများကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် နည်းတူ မိမိတို့နိုင်ငံတွင်လည်း      ပြည်တွင်းလေကြောင်း ပြေးဆွဲမှု   အဆင့်မြှင့်တင်တိုးတက်စေရေး   ဆောင် ရွက်သွားမည်ဆိုပါက        ပြည်တွင်းခရီးသွားလာမှု ကို      ပိုမိုအထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားသည်။

 


လိုအပ်သည်များ လမ်းညွှန်မှာကြား


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စစ်တွေလေယာဉ် ကွင်း အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေ များကို  ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည် များ လမ်းညွှန်မှာကြားသည်။

 


ကြည့်ရှုစစ်ဆေး


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် စစ်တွေတပ်နယ်အတွင်း မော်တော်ယာဉ်များ ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။                        

သတင်းစဉ်