AHF Congress 2023 သို့ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်

 

ရန်ကုန်   မတ်   ၃၁
၂၀၂၃ ခုနှစ် မတ် ၂၂ ရက်မှ ၂၄ ရက် အထိ ကိုရီးယားနိုင်ငံ Mungyeong မြို့၌  ကျင်းပသော AHF Congress 2023 သို့    မြန်မာနိုင်ငံ  ဟော်ကီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစောလုလုထော် နှင့်    ဒုတိယဥက္ကဋ္ဌ  ဦးခင်မောင် လတ်တို့ တက်ရောက်သည်။
ရွေးကောက်တင်မြှောက်
အဆိုပါ       ကွန်ဂရက်သို့ အပြည်ပြည်ဆိုင်ရာဟော်ကီအဖွဲ့ ချုပ်ဥက္ကဋ္ဌ Dato Tayyab Ikram ၊ အာရှဟော်ကီအဖွဲ့ချုပ်ဥက္ကဋ္ဌ Dato Fumio Ogura  နှင့်  အာရှဒေသ တွင်းရှိ  ၄၆ နိုင်ငံမှ ကိုယ်စားလှယ် များ တက်ရောက်ပြီး အပြည်ပြည် ဆိုင်ရာ  ဟော်ကီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အာရှဟော်ကီ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ကိုရီးယားနိုင်ငံ  ဟော်ကီအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက် စကား များ ပြောကြားသည်။ ယင်းနောက် အာရှဟော်ကီအားကစား လုပ်ငန်း စဉ်  အထူးအစီရင်ခံစာ (၂၀၁၉-၂၀၂၂) ကို AHF Executive Board အဖွဲ့က  ရှင်းလင်းတင်ပြပြီး  AHF Communication Report ၊ AHF Finance Report ၊ AHF Education Report များကိုလည်း သက်ဆိုင်ရာ ကော်မတီများက တင်သွင်းခဲ့ကြ သည်။ ထို့ပြင်  ဟော်ကီအားကစား ဖွံ့ဖြိုး     တိုးတက်ရေးအတွက် စွမ်းစွမ်းတမံ    ဆောင်ရွက်ခဲ့ကြ သော နိုင်ငံများနှင့် ပုဂ္ဂိုလ်များကို သက်ဆိုင်ရာ     ဆုတံဆိပ်များ ချီးမြှင့်ပေးခဲ့ပြီး AHF Executive Board Member   အသစ်များ ရွေးကောက်တင်မြှောက်ကြသည်။  မြန်မာနိုင်ငံ       ဟော်ကီအဖွဲ့ချုပ် ဥက္ကဋ္ဌ       ဦးစောလုလုထော်ကို   Executive    Board    Member  (4 Years Term)အဖြစ် ရွေးကောက် တာဝန်ပေးအပ်ခဲ့သည်။
ဟော်ကီတိုးတက်ရေး
မြန်မာကိုယ်စားလှယ်   အဖွဲ့ သည်        အပြည်ပြည်ဆိုင်ရာ ဟော်ကီအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အာရှ ဟော်ကီ     အဖွဲ့ချုပ်ဥက္ကဋ္ဌတို့နှင့် တရင်းတနှီး     တွေ့ဆုံခဲ့ကြပြီး အမှတ်တရလက်ဆောင် ပေးအပ် ကာ   မြန်မာ့ဟော်ကီအားကစား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အာရှဟော်ကီအဖွဲ့ချုပ် က  ချီးမြှင့်သော    Appreciation for Development Award  ကို မြန်မာနိုင်ငံ       ဟော်ကီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့က  လက်ခံရယူ သည်။ ကိုညီလေး၊ ဓာတ်ပုံ-MHF