မြစ်ကြီးနားမြို့နယ်အတွင်းရှိ တပ်ကုန်းနှင့် နန်းကွေ့ IDPs စခန်းများမှ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် ယာယီတိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့

 

မြစ်ကြီးနား  မတ်   ၃၁


ကချင်ပြည်နယ်     မြစ်ကြီးနားမြို့နယ် အတွင်းရှိ   ယာယီတိုက်ပွဲရှောင်ပြည်သူ များ  ယာယီခိုလှုံရာစခန်းများဖြစ်သည့် တပ်ကုန်းနှင့် နန်းကွေ့စိန်ယောဟန် IDPs စခန်းများမှ     အိမ်ထောင်စုများသည် ၎င်းတို့၏    မူလနေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့အခြေချနေထိုင်ကြမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်သည်   တာဝန်ရှိသူများနှင့်အတူ အဆိုပါ အိမ်ထောင်စုများအား မတ် ၃၁ ရက် နံနက် ၇ နာရီခွဲက တပ်ကုန်းနှစ်ခြင်း IDPs  စခန်း၌   သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။

 


ရှေးဦးစွာ မူလနေရပ်ကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်ကြမည့်  IDPs စခန်း နှစ်ခုမှ  အိမ်ထောင်စုများ၊ စခန်း တာဝန်ခံများနှင့်   တွေ့ဆုံပြီး   ပြည်နယ် ဝန်ကြီးချုပ်က ယနေ့    နေရပ်ကျေးရွာ များသို့  ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြ မည့်   မိသားစုများအတွက်    ထောက်ပံ့ ပေးအပ်ခြင်းဖြစ်သည့်အပြင်      နေရပ် ကျေးရွာများတွင်လည်း မိမိတို့အနေဖြင့် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ     ဖွံ့ဖြိုးတိုးတက်ရေး အတွက်      ဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း    အားပေးပြောကြားသည်။

 


ထို့နောက်      ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်         ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူးတို့က  တပ်ကုန်း နှစ်ခြင်း IDPs  စခန်းမှ  ၎င်းတို့၏နေရပ် ဝိုင်းမော်မြို့နယ် ကဇူးယန်ကျေးရွာ၊ ဂါးရာ ယန်ကျေးရွာနှင့် ဒဘတ်ယန်ကျေးရွာများ တွင် ပြန်လည်ရွှေ့ပြောင်းနေထိုင် ကြမည့် အိမ်ထောင်စု ၅၈ စုနှင့် နန်းကွေ့စိန်ယော ဟန်စခန်းမှ       နေရပ်မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာအုပ်စုသို့ ပြန်လည် ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု ကိုးစု   စုစုပေါင်း    အိမ်ထောင်စု   ၆၇ စု တို့အတွက်      ပြည်နယ်အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန် တစ်အိတ်၊ ဆီ တစ်ပိဿာ၊ ငွေကျပ် တစ်သိန်းစီတို့ဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးကျပ် ၁၂၂၆၁၀၀၀  နှင့်  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  ဆန်ရိက္ခာဖိုးငွေ၊ ပြောင်းရွှေ့စရိတ်နှင့်   ကယ်ဆယ်ရေး ပစ္စည်း ၁၇ မျိုးပါဝင်သည့် ပစ္စည်းပုံးများ ဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုး ကျပ် ၁၂၇၀၂၃၄၀ ကို ထောက်ပံ့ပေးအပ် ကြပြီး        ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား    ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ  ကလေးငယ်များ အတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ သည်။  

           
 ပြည်နယ်(ပြန်/ဆက်)