
နေပြည်တော် မတ် ၃၁
မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့၏ (၇)နှစ်မြောက် နှစ်ပတ် လည်နေ့ ညစာစားပွဲအခမ်းအနား ကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၃)ရှိ မြန်မာကုန်သွယ်မှုမြှင့်တင် ရေး အဖွဲ့ရုံးဥပစာ၌ ယနေ့ ညနေ ၆ နာရီတွင် ကျင်းပရာ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် ချီးမြှင့်သည်။
နှစ်ပတ်လည် ညစာစားပွဲ အခမ်းအနားကို ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဝန်ထမ်း များ တက်ရောက်ကြ သည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာ စကားပြောကြားပြီး မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ ဝန်ထမ်း မိသားစုများက တေးသံသာများနှင့် သီဆိုကပြ ဖျော်ဖြေသည်။
မြန်မာကုန်သွယ်မှု မြှင့်တင် ရေးအဖွဲ့ကို ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနအောက်တွင် ဦးစီးဌာနတစ်ခု အဖြစ် စတင်ဖွဲ့စည်းတည်ထောင် ခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်တွင် (၇) နှစ် ပြည့်မြောက်မည်ဖြစ်သည်။ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့သည် နိုင်ငံတော်၏ ပို့ကုန် မြှင့်တင်ရေး ရည်မှန်းချက်များကို ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်