အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ

 

နေပြည်တော်   မတ်  ၃၁


စစ်ကိုင်းတိုင်းဒေသကြီး    အစိုးရ အဖွဲ့တွင်        ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှု        တားဆီး ကာကွယ်ရေးအဖွဲ့   (Corruption Prevention Unit - CPU)     ကို Online စနစ်ဖြင့်  အဂတိလိုက်စား မှု    တားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်း     ပို့ချခြင်းကို ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌      ကျင်းပသည်။

 


သင်တန်းတွင်   ကော်မရှင် အဖွဲ့ဝင်   ဦးမောင်မောင်တင့်က အဂတိလိုက်စားမှု  တိုက်ဖျက်ရေး လုပ်ငန်းသည်     ကော်မရှင်တစ်ခု တည်းဖြင့်      ဆောင်ရွက်၍မရဘဲ ကဏ္ဍစုံမှ   ပူးပေါင်းဆောင်ရွက်မှ သာ  ပိုမိုထိရောက်အောင်မြင်နိုင် မည်ဖြစ်ကြောင်း၊  အဂတိလိုက်စား မှုကြောင့်     အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ ဆောင်ရွက်ရပါက    နိုင်ငံတော် အနေဖြင့်  လူ့စွမ်းအားအရင်းအမြစ် များ   ဆုံးရှုံးစေကြောင်း၊   အများ ပြည်သူဝန်ဆောင်မှု     လုပ်ငန်းများ တွင် အများပြည်သူထံမှ   တုံ့ပြန်မှု ရယူခြင်း   အစီအစဉ်    (Public Feedback   Programme -PFP) အသုံးပြုခြင်းဖြင့်  အများပြည်သူ၏ အကြံပြုချက်များရယူ၍ အားနည်း ချက်များ   ပြုပြင်သွားပါက   ပိုမို ကောင်းမွန်သည့်      ဝန်ဆောင်မှု လုပ်ငန်းများ       ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်  နိုင်ငံတကာရေးရာ နှင့်    တားဆီးကာကွယ်ရေးဦးစီး ဌာနမှ  ညွှန်ကြားရေးမှူးက   CPU ၏ လုပ်ငန်းတာဝန်များ၊   တည်မြဲ လုပ်ထုံး    လုပ်နည်း     (Standing Operating Procedure  -  SOP)၊ လုပ်ငန်းလမ်းညွှန်     (Terms of Reference-TOR)    ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေ  အန္တရာယ် ရှိမှု          ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment- CRA) အများပြည်သူထံမှ  တုံ့ပြန်မှု ရယူခြင်းအစီအစဉ်       (Public Feedback Programme - PFP) တို့နှင့်စပ်လျဉ်း၍         ရှင်းလင်း ဆွေးနွေးခဲ့ပြီး    PFP    အသုံးပြု ဆောင်ရွက်နိုင်ရေး     လက်တွေ့ လေ့ကျင့်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်