
နေပြည်တော် မတ် ၃၁
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ အုတ်ကန်တောရကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင် မြို့နယ်ရှိ ဆန်တန်းကျောင်းသစ်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ အနန်းပင်ပရိယတ္တိစာသင်တိုက်နှင့် ရန်ကင်း မြို့နယ်ရှိ မိုဃ်းကောင်းကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့နယ်ရှိ နိဂြောဓါရုံကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ ဝေယံဘုံမြင့် ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ သာသနဇောတိကာရုံကျောင်းတိုက်နှင့် ချမ်းအေးသာစံမြို့နယ်ရှိ ငြိမ်းချမ်းရေးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ကလေးဝတောရကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ နောင်အင်ကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ ရန်အောင်မြင်ကျောင်း တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော် များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြ ကြောင်း သိရသည်။
သတင်းစဉ်