မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်   မတ်    ၃၀


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး      တည်ထား ကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် စေတနာ ရှင်    အလှူရှင်များက    အလှူငွေများ   ပေးအပ် လှူဒါန်းခြင်းကို      ယနေ့နံနက်ပိုင်းတွင်     နေပြည် တော်    တိုင်းစစ်ဌာနချုပ်   ဧည့်ခန်းမ၌ပြုလုပ်ရာ  တိုင်းမှူး  ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊    အလှူရှင်များနှင့်   မိသားစုဝင်များ   တက်ရောက် ကြသည်။

 


အလှူရှင်များဖြစ်ကြသော   သီဟသုဓမ္မ   မဏိ ဇောတဓရ၊ လူမှုထူးချွန် (ပထမအဆင့်) ဦးဘရန်မိုင် နှင့်  ဇနီး  ဒေါ်နန်းအေခန့်  မိသားစုက  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာ၌ ရေပန်းအသေး  (အချင်း ၁၅ ပေ၊  အမြင့်  ၉  ပေ) တည်ဆောက်ရန်အတွက် အလှူငွေကျပ် ၈၀၅ သိန်း ကိုလည်းကောင်း၊ သုဓမ္မ မဏိဇောတဓရ ဦးစိုးဝဏ္ဏ နှင့် ဇနီး  ဒေါ်ရှီကျူးဆန်း  မိသားစုက ရေပန်းအသေး (အချင်း ၁၅ ပေ၊ အမြင့် ၉ ပေ) တည်ဆောက် ရန်အတွက် အလှူငွေကျပ် ၈၀၅ သိန်းကို လည်း ကောင်း၊ သီဟသုဓမ္မ မဏိဇောတဓရ ဦးဝေမောင် မောင်နှင့်    ဇနီး    ဒေါ်လီလီခိုင်     မိသားစုတို့က  ကျောက်စာရုံဓမ္မာရုံစေတီ   တစ်ဆူ   တည်ဆောက်ရန် အတွက်    အလှူငွေကျပ်   ၂၇၉   သိန်း   ကိုလည်း ကောင်း ပေးအပ်လှူဒါန်းကြရာ တိုင်းမှူးက လက်ခံ ရယူ၍    ဂုဏ်ပြုမှတ်တမ်းလွှာများ     ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်